(Marx & Kiwis)

52 1 0
                                    

Choose yourself whether to read or not!

! ဖတ်သင့်မဖတ်သင့် သင်ကိုယ်တိုင်ရွေးချယ်ပါ!
Thank you :

--------

Unicode

Marx(မာ့ခ်စ်)နှင့်သူ့ဒယ်ဒီ၊ Kiwis(ခိ့ဝစ်)နှင့်
သူ့မေမေဖေဖေတို့ အလည်အပတ် ခရီးထွက်လာကြသည်..
............

" အခန်းက သုံးခန်းပဲကျန်ပါတော့တယ်ရှင့် "
ကောင်တာမှ ကောင်မလေးမှပြောလာသည်။

" ရပါတယ် သုံးခန်းပဲယူတော့မယ် "

" တစ်ခန်းကို သားMarxနဲ့Kiwis ယူလိုက်နော်...
နောက်တစ်ခန်းက မေမေနဲ့ဖေဖေနဲ့ယူလိုက်မယ်
ကျန်တဲ့တစ်ခန်းကို Marxရဲ့ဒယ်ဒီကယူလိမ့်မယ်နော် "

Kiwisမေမေ စကားကြောင့် Marxနှင့်Kiwis တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

" သူနဲ့မနေဘူး " ဟုနှစ်ယောက်လုံးဆီမှ အသံထွက်လာသည်။

" ကျွန်တော် ဒယ်ဒီနဲ့နေမယ် သူကတစ်ခန်းတည်းနေပါစေ"

" ကျွန်တော် အဲ့လိုအဆင်ပြေတယ်မေမေ "
Marx၏အပြောကို Kiwisမှထောက်ခံလိုက်သည်။
ဖေဖေမေမေတို့က တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး သက်ပြင်းချကာ မေမေက

" သားတို့အဆင်ပြေရင်ပြီးတာပဲလေ "

သဘောတူညီမှုရပြီးနောက် အခန်းသော့ယူကာ အားလုံးကိုယ့်အခန်းထဲကိုယ်ဝင်သွားကြသည်။

---------
ဒေါက်ဒေါက်ဒေါက်

ခလက်!

" ဘာဖြစ်လို့လဲသား "

" ကျွန်တော် ဘာမှမထည့်ထားတဲ့ luggageအိတ်ကို မှားယူလာခဲ့မိလို့.. အဲ့ဒါ ဒီနားကဆိုင်မှာ လိုအပ်တာတွေသွားဝယ်မလို့... မေမေ အခန်းလာလို့ ရှာမတွေ့ရင်စိတ်ပူနေမှာစိုးလို့ လာပြောရင်းနဲ့ သော့ပါ ပေးထားမလို့ "

" ဒီချိန်ကြီးတစ်ယောက်တည်းမသွားနဲ့လေ..
လိုက်ခဲ့ Kiwisရဲ့ဖေဖေပါလာခဲ့ "

Kiwisရဲ့ လက်ကိုဆွဲကာ Marxတို့အခန်းကို ဦးတည်လိုက်သည်။ အခန်းတံခါးခေါက်တော့ Marxဒယ်ဒီက တံခါးလာဖွင့်ပေးသည်။

" ဘာဖြစ်လို့လဲ Kiwisတို့ "

" ဒီမှာလေ Kiwis ဘာမှမထည့်ထားတဲ့အိတ် မှားယူလာမိတယ်တဲ့လေ.. အဲ့ဒါ Marxရဲ့အဝတ်တချို့ ငှားထားပေးလို့ ရမလားလို့ပါ "

You've reached the end of published parts.

⏰ Last updated: Jul 02, 2023 ⏰

Add this story to your Library to get notified about new parts!

Eighteen PlusWhere stories live. Discover now