ကျောင်းသား မေးရန်အိုက် (没人爱)မှာ ငယ်စဉ်ကတည်းက အမြဲတမ်း ကံဆိုးမိုးမှောင်ကျနေခဲ့သူတစ်ယောက်ပါ။
တစ်ယောက်ယောက်ကများ သူ့ရဲ့ မကောင်းလှတဲ့ကံအကြောင်း သိပ္ပံဥပဒေသတွေနဲ့ အကျဉ်းချုပ်ပြမယ်ဆိုရင်၊ ဒီလိုပဲဖြစ်လိမ့်မယ်။
ကောင်းတာတစ်ခုခုဖြစ်နေသ၍ ဖြစ်နိုင်ချေက ဘယ်လောက်ပဲ ကြီးနေပါစေ၊ သူ့ဆီမှာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ မကောင်းတာတစ်ခုခုပဲဖြစ်လိုက်၊ ဖြစ်နိုင်ချေ ဘယ်လောက်သေးသေး ကံမကောင်းတဲ့ တစ်ယောက်က ထာဝရသူပဲ~
သူ့ကံဆိုးမှုက လမ်းပေါ်မှာ လမ်းလျှောက်လိုက်တိုင်း ခွေးချေး နင်းမိတာတို့၊ ဒါမှမဟုတ် သူအိပ်မောကျနေတုန်း မျက်နှာကျတ်ပြိုကျတာတို့ ဖြစ်တတ်တဲ့ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကဟာတွေလောက် ပုံကြီးချဲ့ ထားတာမျိုးတော့မဟုတ်ဘူး~ အဲ့အစား၊ သူ့ဆီကျရောက်လာတဲ့ ကံဆိုးမှု ဖြစ်ရပ်တွေမှာ အမြဲတမ်းလိုလို သူနဲ့ အဆင်ပြေပြေရှိနေတဲ့ လူတွေမှာ ဖြစ်ပွားဖို့ သေချာတိကျတဲ့ ဖြစ်နိုင်ချေရှိလေ့ရှိတယ်။ ဆိုလိုချင်တာက လူတိုင်းမှာ ကံကောင်းမှု ကုန်ဆုံးသွားမယ့် အခွင့်အရေး ညီတူညီမျှရှိသည်ပဲလေ။ သို့သော် ထူးဆန်းတဲ့အရာက ပတ်ဝန်းကျင်မှာ သူရှိနေတိုင်း ဆင်းရဲဒုက္ခခံစားရမည့် တစ်ယောက်သောသူမှာ သူပဲ! အဲ့တာကြောင့်၊ သူ့အတွက် အထူးတလည် ဖန်တီးထားသည့် စကားလုံးတစ်လုံးရှိတယ်။
"ဝပ်ထားတုန်းမှာ အပစ်ခံရတဲ့ ဧကရာဇ်" ဆိုပြီးတော့လေ...........ဒါက ကျိန်းသေပေါက် အရမ်း ရှုပ်နေမှာပဲ၊ အဲ့တာကြောင့် ဥပမာတစ်ခုပြမယ်!
မူကြိုမှာတုန်းကပေါ့၊ အလုပ်သမားတွေက ကလေးတွေကို နွားနို့ပေးတယ်။ ကံမကောင်းလို့ ချဉ်နေတဲ့နွားနို့တစ်ထုပ်ပါလာမယ်ဆို ကျိန်သေပေါက် အဲ့ချဉ်နေတဲ့နွားနို့က သူ့အတွက်ပဲ! အစကတော့၊ သူ့အမေက သူ့ကလေးလေး အစာအဆိပ်သင့်တာကြောင့် အန်ပြီး ဝမ်လျှောတဲ့ကိစ္စအတွက် မူကြိုဆရာမနဲ့ အငြင်းအခုံဖြစ်လိုက်သေးတယ်။ ဒါပေမယ့် နောက်လည်းကျရော၊ သူမက ရိုးရိုးရှင်းရှင်းပဲ ထပ်သွားဖို့ကို အရမ်း ရှက်လာတော့တာပဲ။ အကြောင်းကတော့ လတိုင်း မူကြိုကို သွားပြီး ရုတ်ရုတ်ရုတ်ရုတ်သွားလုပ်နေရတာက ကြာတော့ သူမကပဲ တမင်သက်သက် အမှားလိုက်ရှာနေတဲ့ လူရွှင်တော်တစ်ယောက်နဲ့တူလာတာကြောင့်ပဲ။
YOU ARE READING
ငါလေးက ဘာလို့ အမြဲတမ်း ကံဆိုးနေတာလဲ~(Complete)
Short Storyဒါက ခက်ခဲတဲ့ ဘဝမှာ ရှင်သန်နေရတဲ့ အောက်ပုဂ္ဂိုလ်တစ်ယောက်နဲ့ မုန်းစရာကောင်းလောက်အောင် ကံကောင်းလွန်းတဲ့ အထက်ပုဂ္ဂိုလ်တစ်ယောက်တို့ရဲ့ ပုံပြင်လေးတစ်ပုဒ်ပါ~~~ Lucky Gong X Unlucky Shou