𝐀𝐦 𝐈 𝐘𝐨𝐮𝐫 𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐍𝐨𝐰? [U]

3.1K 137 0
                                    

အိပ်မောကျနေရင်း ကြားလိုက်ရသည့် alarm သံကြောင့် ချက်ချင်းထထိုင်လိုက်မိသည်။ အသစ်ထွက်မည့်သီချင်းအတွက် လေ့ကျင့်စရာတွေအများကြီးရှိနေ၍ ဆောနူအပါအ၀င် ခုနစ်ယောက်လုံး မနက်စောစော ၆ နာရီတည်းက အိပ်ရာထကြရခြင်းပင်။

အိပ်ချင်မူးတူးဖြစ်နေဆဲ မျက်လုံးအစုံကို လက်ဖြင့်အသာအယာပွတ်ရင်း ရေချိုးခန်းထဲသို့၀င်ကာ သန့်ရှင်းရေးအမြန်လုပ်လိုက်တော့သည်။ အ၀တ်အစားအတွက်လည်း သိပ်မအေးသောရာသီဥတုကြောင့် တီရှပ်အဖြူအပွတစ်ထည်နှင့် ဒူးခေါင်းလောက်ရှည်သည့် ဘောင်းဘီအမည်းကိုသာ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားလိုက်‌သည်။

စားပွဲပေါ်တွင်တင်ထားသည့် ဖုန်းနှင့်ရေဘူးကိုယူကာ အခန်းပြင်သို့ထွက်မည်အပြု ရေချိုးခန်းမှထွက်လာသော ဆောင်းဟွန်းဟျောင်းကိုတွေ့လိုက်ရသည်။

" မြန်လိုက်တာ "

ရေစိုနေသည့်ဆံပင်တို့ကို ကုတင်ပေါ်တွင်ထိုင်ကာသုတ်ရင်း ပြောလာသည်ကို ခေါင်းညိတ်ပြလိုက်မိသည်။

" ဆောနူ "

အပြင်သို့ထွက်ရန်ခြေလှမ်းစဉ် နာမည်ခေါ်သံကြောင့် ထပ်မံ၍ရပ်တန့်ရင်း လှည့်ကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ "

" ဆံပင် ကူသုတ်ပေးလို့ရမလား "

သေချာစိုက်ကြည့်ရင်း မေးလာသည်ကို မငြင်းဆန်နိုင်‌မိ။ ယခုအခြေအနေနှင့်ပုံစံကြောင့်လည်း ခုန်လာမိသည့်ရင်ကို အမြန်ဖုံးကွယ်ရင်း ရေဘူးနှင့်ဖုန်းတို့ကို စားပွဲပေါ်ပြန်တင်ကာ အနားသို့သွားလိုက်သည်။

လက်ထဲရှိတဘက်ကို ဆွဲယူရင်း ရေစိုနေသေးသည့် ဆံပင်တို့ကို သေချာသုတ်ပေးနေမိသည်။ အာရုံစိုက်နေရ၍ ခါးနားတွင်ရစ်ပတ်လျက်ဖက်ထားသည့် လက်တစ်စုံကို သတိမထားလိုက်မိ။ တင်ပါးနားသို့ တင်းကျပ်စွာဖိလာသည့်လက်တို့ကြောင့်သာ သတိပြုမိသွားသော်လည်း မသိချင်‌ယောင်ဆောင်ပြီး လုပ်လက်စအမြန်ပြီးအောင်သာ လက်စသတ်ပေးလိုက်သည်။

" ရပြီ "

" ကျေးဇူး "

တဘက်ကို ဆောင်းဟွန်းကိုပြန်ပေးရင်း အခန်းပြင်သို့သာ ထွက်သွားလိုက်တော့သည်။

𝐀𝐦 𝐈 𝐘𝐨𝐮𝐫 𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐍𝐨𝐰? [𝐒𝐔𝐍𝐒𝐔𝐍]Where stories live. Discover now