Married to my ex's nephew

882 77 23
                                    

[Taeyong & Punch _ Love Del Luna (Recommed song)]

Don't be too serious guys!!!This is just a fanfiction and all of these are my imagination.You are under 16 don't read it. I don't want to ruin idols image.

ဂျီဝွန်းကုတင်ပေါ်ကအဝတ်ဗလာနဲ့ကောင်လေးအားဆေးလိပ်သောက်ရင်းထိုင်ကြည့်နေလိုက်သည်။နိုးမလာသေးတာမို့တိတ်ဆိတ်နေတာ။နိုးလာရင်ဆူဆူညံ့ညံ့ဖြစ်တော့မယ့်သူ့အခန်းကြောင့်ဂျီဝွန်းနှာခေါင်းနည်းနည်းရှုံလိုက်မိတယ်ထင်ပါရဲ့။မြင်မကောင်းအောင်ဖြစ်နေတာမို့စောင်တစ်ထည်အပေါ်ကလွှားထားပေးပေမဲ့တစ်စွန်းတစ်စပေါ်နေတဲ့ပခုံးသားလေးတွေကသူ့လက်ချက်နဲ့ဟိုတစ်ကွက်ဒီတစ်ကွက်နီရဲနေလေသည်။

''ကိုကို အဲ့လိုမလုပ်နဲ့လို့ ''

''မရဘူး ယူဂျင်းနီး စာလုပ်ရမယ် မပျင်းရဘူး ''

''ကိုကို ဖုန်းပြန်ပေးလို့ ဂျီဝွန်းဟျောင်းရေ!!!!"

တစ်စတစ်စသူ့အခန်းတံခါးနားနီးကပ်လာတဲ့အသံကြောင့်ဂျီဝွန်းအလျင်အမြန်တံခါးလော့ပြေးချလိုက်ရသည်။မတော်အခန်းထဲဇွတ်ဝင်လာလို့မှကုတင်ပေါ်ကသကောင့်သားကိုမြင်ရင်လည်းမကောင်း၊ခုထိအဝတ်မကပ်သေးဘဲbathrobeတစ်ထည်ထဲနဲ့သူ့ကိုမြင်သွားရင်လည်းမကောင်းတာမို့အပြင်ကအော်ခေါ်နေတဲ့အသံတွေကိုလျစ်လျူရှု့ဖို့တွေးထားလိုက်သည်။

''ဘာမှဟျောင်းကိုနှိုးမနေနဲ့ လာခဲ့!''

အသံတွေတစ်စတစ်စနဲ့ဝေးကွာသွားလို့ဂျီဝွန်းသက်ပြင်းချမလို့ကြံရုံရှိသေးကုတင်ပေါ်ကလူးလွန့်လာတဲ့အဖြူကောင်ကြောင့်ဂျီဝွန်းနားထဲစို့ဖို့ဂွန်းရှာထားဖို့စဥ်းစားလိုက်သည်။

''ဟမ် ကင်မ်ဂျီဝွန်း ''

''အေး ငါဘဲ ''

''မဟုတ်ပါဘူး ညကကိုကိုပါ ဘာလို့ခင်ဗျားကဒီအခန်းထဲရောက်နေတာလဲ ''

''ဒါငါ့အခန်းလေ မင်းသားလေးရယ် မင်းကိုကိုကဖြင့်ငါ့လက်ထဲကိုမင်းကိုယုံကြည်စိတ်ချစွာဖြင့်ထည့်ပေးသွားတာလေ ''

သူပြောလိုက်တော့ငြိမ်သွားကာအသေအချာကိုပြန်စဥ်းစားနေတဲ့ကောင်လေးအားဂျီဝွန်းစိတ်မရှည်စွာစိုက်ကြည့်နေလိုက်သည်။ညကဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကလည်းဂျီဝွန်းတမင်ကိုလုပ်လိုက်တာဖြစ်သည်။တစ်စုံတစ်ယောက်ကိုစိတ်ဒဏ်ရာပေးဖို့အတွက်သူ့ရှေ့ကကောင်လေးကအကောင်းဆုံးသားကောင်လေးဘဲဖြစ်သည်။

Married To My Ex's NephewWhere stories live. Discover now