Part 9

329 19 6
                                    

Unicode

ချစ်သူဖြစ်ခါစ ပူပူနွေးနွေးအတွဲလေးမို့ ကြားလေသွေးရင်တောင် ဝေးသည်ထင်မိသော မင်းမင်းနှင့်ရဲကြီးတို့အတွဲသည် ၂၄နာရီ၇ရက်ပတ်လုံး တပူးပူးတတွဲတွဲပင်။

အခုလည်း မုန့်သွားစားဖို့ shopping centreကို ထွက်လာကြသည်။ပိုင့်ကို လိုက်ဖို့ခေါ်သော်လည်း အတွဲတွေကြား ကြားမညှပ်ချင်ဘူးဆို၍ မလိုက်ပေ။ချမ်းကလည်း မအား၍ မလိုက်သည့်အခါ နောက်ဆုံးတော့ သူတို့၂ယောက်ပဲ ချစ်ကြည်နူးတစ်တီတူးဖို့ ထွက်လာလိုက်သည်။ဆင်တူအင်္ကျီလေးဝတ်ကာ shopping centreထဲ လက်ချင်းတွဲကာ ပြုံးပြုံးပျော်ပျော်ပဲ ဝင်လာလိုက်သည်။

မျက်စိထောင့်က ရိပ်ခနဲမြင်လိုက်သည့် အရိပ်ကြောင့် လှည့်ကြည့်မိတော့ ကျောပြင်ကိုသာ အမြင်တော့ရသည်။သို့သော်လည်း နှစ်တွေအကြာကြီး ပေါင်းလာသည့် သူငယ်ချင်းတွေမို့ ကျောပြင်လေးပဲမြင်ရသော်ငြား ဘယ်သူဆိုတာ တန်းသိပေသည်။

"ရဲကြီး ဟိုမှာ ချမ်းမလား"

"ဘယ်မှာလဲ"

"ဟိုမှာလေ။မမြင်ဘူးလား"

"အာ..ဟုတ်တယ်။လှမ်းခေါ်လိုက်မလား"

"မခေါ်နဲ့။သူ့ဘေးမှာ လူပါတယ်လေ။ဘယ်သူလဲမသိဘူး"

ပြောရင်းဆိုရင်း မင်းမင်းက ချမ်း၏ကျောပြင်ကို ဓါတ်ပုံရိုက်ပြီးသား။

"နောက်မှပေးရမယ်။ပုံရိုက်ထားမှ မငြင်းနိုင်မှာ"

တိုက်ဆိုင်သည်ပဲပြောရမလား မင်းမင်းနှင့်ရဲကြီးသည် ချမ်းနှင့်ဘဲကြီးထိုင်သွားသော ဆိုင်တွင်ပဲ ချမ်းနှင့်ဘဲကြီးထိုင်သွားသော ဝိုင်းတွင်သာ ထိုင်ခဲ့မိကြသည်။

ချစ်သူ၂ဦးကြားအကြောင်းတွေကို အလေးအနက်ပြောနေရင်း အကြောင်းအရာသည် ပြောင်းသွားပြီး ခေါင်းစဥ်သည် ချမ်းမြအေးကြည်ဖြစ်သွားခဲ့သည်။

"ချမ်းဆိုတဲ့အကောင် ငါတို့မသိအောင် ရည်းစားထားနေလားမသိဘူး"

မင်းမင်းကမေးတော့ ရဲကြီးက

"အသိတွေ ဘာတွေဖြစ်မှာပါ"

"မင်းမေကြီးတော်ကို အသိလား။ဒီမှာလက်ကိုင်ထားတာ မြင်လား။ဘယ်အသိတွေက လက်ကိုအဲ့လောက်အကြာကြီးကိုင်ထားပြီး လျှောက်လို့လဲ"

ဆောင်းလေမြူး၍ ရူးခဲ့ရသော်Where stories live. Discover now