614 : OUR PRECIOUS DAY

1.3K 217 18
                                    

[ Unicode ]

"ဘတ်ဟျွန်းနီး မင်းတစ်ခါတည်းနဲ့ ငါးနပ်စာလောက်စားပစ်လိုက်ပြန်ပြီလား"

အခန်းထဲရောက်ရောက်ချင်းမြင်လိုက်ရတဲ့ အမှိုက်ခွံတွေနဲ့ ပြောင်သလင်းခါနေသောပန်းကန်တွေကြောင့် ချန်းယောလ်မှာ အမောဆို့ချင်သွားမိသည်။

"ဘတ်ဟျွန်းနီး"

"ငါ ဒီမှာလေ"

အသံသာထွက်လာပြီး လူက ပေါ်မလာခဲ့။ ဧည့်ခန်းအလယ်က ဆိုဖာခုံစီလျှောက်လာလိုက်တော့မှ ဆိုဖာနှင့် စားပွဲခုံကြားနေရာတွင် ပက်လက်ကလေးဖြစ်နေသူကို မြင်လိုက်ရလေ၏။ ထိုကောင်လေးကလည်း ချန်းယောလ်ကိုမြင်တော့ 'ဟီး'ခနဲရယ်ပြလာသည်။ ချန်းယောလ်မှာတော့ ရယ်ရအခက် ငိုရအခက်တွေဖြစ်ကုန်တော့သည်။

လွယ်ထားသည့်ကျောပိုးအိတ်အား ချွတ်ကာ ဆိုဖာပေါ်ပစ်တင်ရင်း လူကပါ ဆိုဖာပေါ်ထိုင်ချလိုက်‌ရင်း...

"အစားစားပြီးချင်း လှဲနေရင် ပိုပြီးအစာမကြေဖြစ်မယ်လေ"

ဘတ်ဟျွန်းက သူပြောတာကိုပင် မကြားသည့်အလား ဖုန်းကြည့်နေကာ သဘောကျသည့်အသံသေးသေးလေးတွေတောင်ထွက်နေလိုက်သေး၏။

"ဘတ်ဟျွန်းနီး၊ ထပါဦးကွာ"

ပြောလည်းပြော၊ လက်ကလည်း ဘတ်ဟျွန်းအား လှမ်းဆွဲကာထူပေးရသည်။ ထိုအခါ မျက်နှာလေးရှုံ့မဲ့ကာ ထထိုင်လာသူက သူ့ခေါင်းနှင့် တတန်းတည်းရှိနေသော ချန်းယောလ်ရဲ့ဒူးပေါ် ပါးလေးကပ်တင်လာ၏။

လက်ထဲတွင်ကိုင်ထားသောဖုန်းကိုလည်း ပြုံးကာ အကြည့်မပျက်တာမို့ ချန်းယောလ်မှာ ဝင်မစပ်စုဘဲမနေနိုင်တော့...။

"ဘာတွေကြည့်နေတာလဲ"

ဖုန်းမျက်နှာပြင်အား သေချာမြင်ရရန်အတွက် ခန္ဒာကိုယ်အားအနည်းငယ်ကုန်းလိုက်မိတော့ ဘတ်ဟျွန်းက အလိုက်တသိဖြင့် သူ့ဖုန်းအား ချန်းယောလ်ရှေ့တိုးပြလာလေသည်။

"အယ်ရီတွေနဲ့ ကစားနေတာ"

ဖုန်းမျက်နှာပြင်တွင် မြင်‌လိုက်ရသောစာတွေအများကြီးထဲမှ မျက်လုံးထဲအရင်ဆုံးဝင်လာသည့်စာကို ချန်းယောလ်ဖတ်ကြည့်လိုက်ပြီးနောက်...

614 : OUR PRECIOUS DAYWhere stories live. Discover now