၇နှစ်လေးအီဟန်ဟာ ငါးကလေးတွေကိုသဘောကျတယ် ။အစကတော့ မေမေနဲ့ဖေဖေနဲ့က သူပျော်အောင် ငါးကန်ကလေးလုပ်ပြီး စမွေးကြတာဖြစ်တယ် ။ တဖြည်းဖြည်းနဲ့ သူဟာ ငါးကလေးတွေကို ကြည့်လာရတာသဘောကျတယ် ။ အခုဆို ဧည့်ခန်းထဲမှာ ထားထားတဲ့ငါးကန်ကလေးအပြင် သူ့အခန်းထဲမှာပါ ငါးကန်အသစ်လေး ထပ်လိုချင်တယ်ဆိုလို့ ဖေဖေနဲ့သူ အတူ အခန်းထဲမှာပြင်နေကြတာဖြစ်တယ် ။
" အိမ်ပြန်ရောက်ပါပြီ သားငယ်ရေ "
ငါးကန်လေးပြင်နေတုန်း စျေးကပြန်လာတဲ့မေမေ့အသံကြားတဲ့အခါ မေမေရှိရာ အိမ်အောက်ကို ချက်ချင်းပြေးဆင်းသွားခဲ့တယ် ဖေဖေကလည်း သူ့နောက်ကနေလိုက်လာတယ်
"အာအီဂူးးး မေမေ့သားလေးပျော်မြူးနေပါရောလား
ငါးကန်အသစ်ကိုအဲ့လောက်တောင်သဘောကျလား""ဟုတ်!"
မေမေကသူ့ဆံပင်လေးတွေကိုသပ်ပြီးမေးလာတဲ့အခါ အီဟန်လေးဟာလည်းမျက်လုံးလေးတွေမှိတ်သွားတဲ့ထိအားရပါးရယ်ပြကာဖြေလေသည် ။
"သားငယ်က သူငယ်ချင်းအသစ်ပါရတော့မှာ။ ဘေးအိမ်ကိုပြောင်းလာတဲ့မိသားစုထဲသားနဲ့ရွယ်တူသူငယ်ချင်းလေးပါပါလာတယ် "
"ဘေးအိမ်ကိုပြောင်းလာနေကြပြီလား မိန်းမ ။ မင်းနဲ့တွေ့ခဲ့တာလား"
"ဟုတ်ပါ့ရှင့် အခုအိမ်ထဲဝင်အလာမှတင်နှုတ်ဆက်ခံခဲ့ရတာ။ ကျွန်မတို့လိုပဲမိသားစု၃ယောက်ထဲ သူတို့လည်းသားလေးနဲ့။ သဘောကောင်းမဲ့မိသားစုလေးပဲမို့လို့ ညနေအိမ်ကိုထမင်းစားဖိတ်ခဲ့လိုက်တယ် အဆင်ပြေတယ်မလား ယောက်ျား "
"ပြေတာပေါ့ဗျာ ဘာမပြေစရာရှိလို့လဲ ။ သားငယ်လေးလည်းအဖော်ရမဲ့ဟာကို"
အီဟန်ဟာ သူငယ်ချင်းအသစ်လာမယ်ဆိုတာသိတာနဲ့ သူ့ရဲ့ငါးကန်တွေကိုကြွားရန် ပိုပြီးလှအောင်သာ ပြင်တော့သည် ။ ၃နာရီလောက်ကြတော့ သူ့အခန်းထဲကငါးကန်ကလေးဟာ ဖေဖေနဲ့သူအတူ ပြင်ဆင်တာပြီသွားသည် ။ အသစ်ကလေးပဲရှိသေးတာမို့ အခုထိငါးက သုံး၊လေးကောင်ကလွဲရင် မရှိသေးပါ ။
YOU ARE READING
Gongfourz [ ONE SHOT COLLECTION ]
Short Storyဟန်ထယ်ဆန်းနဲ့ဂင်အီဟန်ကို ချစ်သူများအတွက် ရည်ရွယ်သည် ။