ဟန်ထယ်ဆန်းမည်တဲ့ကောင်လေးဟာ သူ့အဆောင်ခန်းလေးထဲမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ် ။
နောက်တော့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး ဖုန်းထုတ်ကာတစ်စုံတစ်ယောက်ဆီဖုန်းဆက်လိုက်တော့သည် ။
📞 "ယောဘောဆယ်ယို "
📞"Jaehyun Hyung အခု ဘယ်မှာလဲ "
📞"ငါလား ပဲရစ်မှာ။ riwooနဲ့ "
📞"အာာ Hyung နောက်မနေနဲ့ ကျွန်တော့်ဆီမြန်မြန်လာခဲ့ပေးပါလား အရေးကြီး...."
ချလောက်
"ဟော တံခါးကပွင့်သွားတာပဲ "
ထယ်ဆန်းရယ် အသံကြောင့် ဖုန်းကိုင်ရင်း နောက်လှည့်ကြည့်လိုက်တော့ တံခါးဖွင့်ကာ ဝင်လာတဲ့ ဂျယ်ဟွန်းဟျောင်းနဲ့ ရီဝူးဟျောင်းတို့ကိုတွေ့လိုက်ရတယ် ။
"ငါကဒီတိုင်းလေး ဖွင့်ကြည့်လိုက်တာ ပွင့်သွားတာပဲ ""တံခါးလော့ချထားလေ ထယ်ဆန်းရဲ့ ။ အန္တာရယ်များတယ် "
ရီဝူးဟျောင့်က သတိပေးတဲ့ခါမှာ ထယ်ဆန်းရယ် ရယ်ပြယုံသာတတ်နိုင်သည် ။ သူကလည်းသူကို တံခါးဂျက်ချဖို့မေ့ရတယ်လို့ ။
"အဲ့တော့ ဘာလဲမင်းရဲ့အရေးကြီးကိစ္စက "
နောက်တော့ ၂ယောက်သား ထယ်ဆန်းရှိရာဘေးနားဝင်ထိုင်ကာ ဂျယ်ဟွန်းကစပြောလာတော့သည် ။
"အဲ့တာက ကျွန်တော် သဘောကျရတဲ့သူရှိပြီထင်တယ် "
ထယ်ဆန်းရဲ့စကားအပြီမှာ ရီဝူးနဲ့ဂျယ်ဟွန်းဟာ ဘာမှပြန်မပြောဘဲ သူ့ကိုပဲကြည့်နေတာမို့ သူကပဲဆက်ပြောလိုက်တယ် ။
" စာကြည့်တိုက်သွားတုန်းကတွေ့ခဲ့တာ ။ စာအုပ်ယူရင်း လက်လေးတွေထိမိသွားသလိုပဲ "
" အားကျလိုက်တာ "
ရီဝူးကထိုသို့ဆိုလာပြီနောက်မှာ ဆက်မပြောခင်ဘဲ ဘဲတီးသံကထပ်မြည်လာလေသည် ။
တီးတောင် တီးတောင် ...
ဘဲတီးသံကြောင့် သုံးယောက်လုံးထပြီး တံခါးသွားဖွင့်လိုက်တော့
YOU ARE READING
Gongfourz [ ONE SHOT COLLECTION ]
Short Storyဟန်ထယ်ဆန်းနဲ့ဂင်အီဟန်ကို ချစ်သူများအတွက် ရည်ရွယ်သည် ။