chapter 1( အက်ကွဲကြောင်း / U )

18.7K 175 6
                                    

Chapter 1 (အက်ကွဲကြောင်း)
-------------------------------------------
"မော်ထျန်းလန် (အရွေးချယ်ခံ ပုဂ္ဂိုလ်)
လိင်အမျိုးအစား ( ဒွိလိင် )
ကောင်းချီး ( မရှိသေး )''

မနေ့ကညအချိန်မတော် ဆယ့်နှစ်နာရီဝန်းကျင်လောက်တွင် ကမ္ဘာကြီးက ထူးခြားစွာ သိမ့်သိမ့်တုန်လာပြီး ခပ်စူးစူးအော်သံ၊ ပျော်ရွှင်သံများ၊ ရန်ဖြစ်သံများကို လူတ်ိုင်း ကြားလိုက်ရသည်။ ထိုကဲ့သို့ဖြစ်ပြီး သိပ်မကြာလိုက် မနက်နေထွက်ချိန်ထိ ဘာသံမှ မကြားရသေးပေ။

ပြဿနာက မနက်ငါးနာရီအချိန်တွင် စလာခဲ့ချေပြီ။

လူတိုင်းဟာ လိင်အမျိုးအစားများကို အတင်းအကြပ်အပြောင်းခံလိုက်ရသည်။ လူတိုင်းတင်ဘယ်ကချေလိမ့်မည်။ တိရစ္ဆာန်များပါ ပါဝင်သေးသည်။

တချို့မိန်းကလေးများသည် လိင်အမျိုးအစား ဟာ ဣတ္ထိလိင် မှ ပုလ္လိင်သို့ပြောင်းကာ အတံပါထွက်လာတဲ့အထိပင်။

တချို့သူတွေဆို ဒွိလိင်တွေပင်ဖြစ်လာသေးသည်။

ကျွန်တော်က ဒွိလိင်ပြောင်းခံလိုက်ရတဲ့သူတွေထဲက တစ်ယောက်ပင်ဖြစ်သည်။

ဒီလိုပြောင်းခံလိုက်ရတာ လူသားမျိုးနွယ်စုတင်မကပါဘဲ တိရစ္ဆာန်မျိုးနွယ်စုတွေပင်ပါသေးသည်။
တိရစ္ဆာန် မှ လူသားအသွင်ပြောင်းလဲနိုင်စွမ်းများရရှိလာကာ ကမ္ဘာကြီးဟာ နတ်ဘုရားတွေရဲ့ ပိုင်နက်ဖြစ်လာ၏။

သူတို့စိတ်တိုင်းကျ ခြယ်လှယ်နေကြပြီး ပျော်ပွဲများပင် ဆင်နွှဲနေကြသည်။ ပျော်ပွဲဆိုတာတော့လူတွေလို ပျော်ပွဲတော့ဘယ်ဟုတ်မလဲ။ နတ်တွေနေတဲ့နေရာကနေ ကစားပွဲတွေအကုန်လုံးကို ထိုင်ကြည့်နေကြပြီး ပျော်ပျော်ရွှင်ရွှင်ကြီးကို မောနေကြရတဲ့ ပျော်ပွဲမျိုးလေ...

ကျွန်တော်ဟာ ထိုနေ့ညမှာတင် အရွေးချယ်ခံထဲပါသွားခဲ့ပြီး ဒွိလိင်သို့ အတင်းအကြပ်ပြောင်းလဲခံခဲ့ရပြီး ထိုနေ့ညမှာတင် အတင်းအကြပ်ပြောင်းလဲခံရခြင်း၏ ဆိုးကျိုးကို စတင်ခံစားလာခဲ့ရသည်။

အသစ်တိုးလာသည့် အပေါက်ငယ်တစ်ခုထံမှ အရည်တွေ ယိုဖိတ်လာသည်မှာ မိုးရွာသွန်းသည့်အချိန်တိုင်း တံစက်မြိတ်မှ ရေများ တစ်စက်စက်ကျသလို စိမ့်ထွက်နေသည်မှာ စတင်ပြောင်းလဲခံရသည့် တစ်ညလုံးပင် ဖြစ်လေသည်။

GOD BLESSING SYSTEM Where stories live. Discover now