အပိုင်း (၂၂)

10.7K 573 21
                                    

U+Z

အိမ်မကြီးရဲ့ဧည့်ခန်းထဲမှာ အားလုံးရောက်နေတာဖြစ်ကာသားက သူ့အပေါ်မှာထိုင်နေပေမယ့် သမီးက ကိုကိုကြီးလည်ပင်းကိုဖက်ကာ သူ့ကိုကြည့်နေသည်။ ထူးဆန်းနေမှာပေါ့။ သူတို့ကိုမွေးထားတာ အမေတစ်ယောက်မှမဟုတ်ပဲ။ ငိုထားတာကြောင့် မျက်ခမ်းစပ်တွေရော နှာခေါင်းထိပ်လေးကပါ နီနေသည်။ ကိုကိုကြီးကိုလည်းဖက်ထားတာမလွတ်ပဲ ပုခုံးပေါ်ကိုမှောက်ချထားပြီး ကြည့်နေတာဖြစ်သည်။ ဘဘကြီးကတော့ သမီးကိုကြည့်ကာရယ်နေသည်။ သမီးကသူ့ကိုကြည့်နေတာ မျက်တောင်မှမခက်ပဲ။

"မြေးမလေး မြေးမလေးကနုတ်လေးဆီမသွားဘူးလား"

သမီးကခေါင်းခါပြ၏။

"မြေးမလေးပဲ တစ်ရက်တစ်ရက် ကမုတ်လေး၊ ကနုတ်လေးနဲ့လေ"

သမီးကခေါင်းထပ်ခါပြသည်။

"ဖေ့!"

သားကသူ့ဆီကနေကိုကိုကြီးဆီကိုသွားသည်။

"ကနုတ်လေးကိုဘယ်လိုခေါ်ရမှာလဲဟင်"

သားက သူ့ကိုဘယ်လိုခေါ်ရမလဲလို့ သွားမေးနေတာ။ ကိုကိုကြီးက သူ့ကိုလှည့်ကြည့်သည်။

"သားက ဘယ်လိုခေါ်ချင်လို့လဲ"

"ပါးပါးလို့ ခေါ်လို့ရလား၊ ဒါမှမဟုတ် ဖေဖေလို့ ခေါ်လို့ရလား"

"အင့်! ဟင့်! ဖေဖေ"

သမီးက သူ့ကိုကိုပြောတာကိုလက်မခံပေ။ ကိုကိုကြီးကိုလက်ညှိုးနဲ့ထိုးထိုးပြီး ဖေဖေတဲ့။ ဟုတ်သားပဲ ကိုကိုကြီးက သူတို့ဖေဖေကို။

"ဖေဖေဟုတ်တယ်နော်၊ ညီမလေးပြောတာဟုတ်တယ်၊ အဲ့ဒါဆို ပါးပါးလို့ပဲခေါ်တော့မယ် နော် ဖေ့"

"ဖေ့သားသဘော"

သားက ကနုတ်ကိုဘယ်လိုခေါ်ရမလဲမေးပြီး သူခေါ်ရမယ့်နာမ်စားရတာနဲ့ ကနုတ်ဆီပြန်ပြေးသွားသည်။ သမီးကတော့ သူ့ကိုဖက်ပြီး ပုခုံးပါ်မှောက်ချပြီးခြေထောက်တလှုပ်လှုပ်နဲ့လုပ်နေသည်။ အောက်ကိုလည်းမဆင်းပေ။ ရှေးဘုန်း သမီးကိုတော်တော်ရှင်းပြလိုက်ရသည်။ ဒါ့ကြောင့်မငိုတော့တာ။ သူ့မှာ အမျိုးသမီးကိုယ်ဝန်ဆောင်ပုံတွေကိုပြပြီး ကနုတ်ဗိုက်ကြီးနဲ့တုန်းက သူခိုးရိုက်ထားတဲ့ပုံကိုယှဉ်ပြပြီး သေချာပြောပြရတာ။ သမီးလေးနဲ့ကိုကို့ကို သမီးတို့ကနုတ်လေးက ဒီလိုမေမေတွေလို ဗိုက်ထဲ ထည့်ပြီး မွေးပေးတာကို သူ့မှာသေချာပြောပြရတာဖြစ်ပြီး သမီးက အဲ့လိုယှဉ်ပြမှ ငြိမ်သွားဖြစ်သည်။ ငြိမ်သွားပေမယ့် ကနုတ်ကိုကြည့်နေပြီး သွားလဲမသွားပဲ သူ့အပေါ်မှာကပ်နေသည်။ သားနဲ့သမီးကို ပြောပြလိုက်တာလဲ ဖေဖေရောမေမေပါသိသွားပြီး သူတို့အားလုံး စကားပြောဖို့ထိုင်နေကြတာဖြစ်သည်။ ကနုတ်က အားလုံးနဲ့အကြပ်ကိုင်မှရတော့မှာ။

EMPTY SPACE [Complete] U+ZWhere stories live. Discover now