Obey Me [Unicode]

2.8K 103 1
                                    

ညအချိန် ၁၁ နာရီခန့်ရှိပြီဖြစ်၍ အပြင်ဘက်တွင် မှောင်မိုက်နေပြီဖြစ်သော်လည်း လူအများနှင့်စည်ကားနေသော ကလပ်တစ်ခုအတွင်းမှာတော့ မီးရောင်စုံတို့ဖြင့် လင်းထိန်နေလေသည်။

ဆောနူ အမြဲလာနေကျကလပ်တစ်ခုဖြစ်သည့်အလျောက် တစ်စုံတစ်ဦးနှင့်လည်း သေချာဆုံချင်ပါသေးသည်။ ထိုတစ်စုံတစ်ဦးမှာလည်း အခြားသူမဟုတ်၊ တစ်ခါတွေ့ဖူးရုံနှင့်ပင် ချောမောလှသည့် ရုပ်ရည်၊ ကြည့်ကောင်းလွန်းသည့်ခန္ဓာကိုယ်နှင့် အစစအရာရာပြည့်စုံသည့် ကလပ်ပိုင်ရှင်တစ်ဦးပင်။ ကလပ်သွားဖြစ်တိုင်း ထိုသူသတိထားမိအောင် အမျိုးမျိုးကြိုးစားခဲ့ဖူးသော်လည်း တစ်ဖက်က စိတ်၀င်စားဟန်ပင်မပြနေသောကြောင့် မာနထိခိုက်ရသော်ငြား ယခုတစ်ခါ အမှတ်မရှိတွေ့ချင်နေပြန်‌သေးသည်။

အရင်က သူငယ်ချင်းတွေနဲ့အတူလာဖြစ်သော်လည်း ယခုတော့တစ်ယောက်တည်း စိတ်ပြေလက်ပျောက်ထွက်လာသည်မို့ ကနေသည့်လူအုပ်ကြားထဲသို့သွားကာ ဖွင့်ထားသည့်သီချင်းနှင့်အတူ အသာစီးမြောနေမိသည်။ သံစဉ်တို့ကြား မြူးတူးရင်း စိုက်ကြည့်ခံနေရသလို ခံစားလိုက်ရ၍ ဝေ့ဝဲကြည့်ရင်း ခုံအလွတ်တစ်နေရာတွင်ထိုင်ရင်း ကြည့်နေသူ၊ တစ်နည်းအားဖြင့် ဆောနူတွေ့ချင်နေသည့်သူ။ ဒီတစ်ကြိမ်မှာတော့ မျောပါမသွားချင်၍ ကိုယ့်ဘက်ကပင်အရင် အကြည့်လွှဲကာ စိတ်မဝင်စားဟန်ပြုလိုက်သည်။
















စိုက်ကြည့်နေတာသိသွားတာနဲ့ တစ်ဖက်ကိုလှည့်သွားသည့်ပုံစံကိုကြည့်ရင်း ဟီဆွန်းတစ်ချက်ရယ်လိုက်မိသည်။ မလွယ်သည့်ပုံစံလေးက သေချာပေါက် အကြိုက်တွေ့စရာပင်။

အရင်နေ့တွေတည်းက အနည်းငယ်စိတ်၀င်စားမိနေသည့် ထိုကောင်လေးကို ယနေ့တွင်တော့ ကိုယ်တိုင်သွားချဉ်းကပ်ရန် ကြံနေမိသည်။ ဒီထက်ပို၍ လွှတ်မထားချင်တော့။

ကခုန်နေကြသည့်သူများကြားထဲ၀င်ရင်း ဂရုမစိုက်စွာ သီချင်းသံခပ်မြူးမြူးကြားထဲ ကနေသည့်ခန္ဓာကိုယ်ငယ်လေး၏ နောက်ကျောနားသို့ကပ်ကာ ခါးကိုအသာဖက်လိုက်မိသည်။

" နာမည်ဘယ်လိုခေါ်လဲ အလှလေး "

နားနားသို့ကပ်ကာ ဩရှရှအသံဖြင့်ပြောလာသည်က ရင်ထဲရှိန်းတိန်းတိန်းဖြစ်သွားနိုင်အောင်ပင်။

𝐎𝐛𝐞𝐲 𝐌𝐞 [𝐇𝐞𝐞𝐒𝐮𝐧]Tahanan ng mga kuwento. Tumuklas ngayon