1. ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ်။

424 21 9
                                    

မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းနှင့် လူငယ်လူရွယ်လေးတစ်ယောက်က ဆိုင်ခန်းပြတင်းမှန်ရှေ့တွင် မတ်တပ်ရပ်နေသည့်ကျမအား သံသယမျက်လုံးများဖြင့် တစ်ဖက်မှန်ကနေ စူးစူးစိုက်စိုက် ကြည့်နေသည်... ထိုကောင်လေးပုံစံကြည့်ရသည်မှာ သူ့ကိုယ်သူတကယ့်ယောကျာ်းပုံစံပေါက်မပေါက်ကို မှန်ကြည့်ရင်းဖြင့် သေချာစစ်ဆေးနေဟန်ရှိသလို ထိုကဲ့သို့ စေ့စေ့ပေါက်ပေါက်စစ်ဆေးကြည့်ရှုနေသည့်သူမှာ ကျမ ဆိုလျှင်လည်း မမှားပါ။

'Oh... Come on.'
'ယောကျာ်းပီပီသသနဲ့ ကျားကျားယားယား ပုံစံပေါက်အောင် နေကြည့်စမ်းပါ။ နင်လုပ်နိုင်ပါတယ်။ လုပ်ကြည့်စမ်းပါ။'
စကားပြောနေရင်း ခန္ဓာကိုယ်ကို ဘေးတစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ မှန်ထဲက ပုံရိပ်ကပါ ကျမနှင့်အတူလိုက်ပြီး လှုပ်ရှားလာသည်... ထို့နောက် ကျမလည်း ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ ရင်ကိုကော့လိုက်တော့ ပြားချပ်နေသည့် ရင်ဘတ်တစ်စုံက ထွက်ပေါ်လာသည်...။

"အင်း ဒီလောက်ဆိုရင်တော့ ပြဿနာမရှိ။"

အကယ်၍များ ကျမရင်ဘတ်ကို တစ်စုံတစ်ယောက်က မတော်တဆအာရုံစိုက်မိသွားခဲ့ရင်တောင် ကျမဟာ မိန်းခလေးတစ်ယောက်ဖြစ်နေတယ်ဆိုတာကို ကျမရင်ဘတ်ကိုကြည့်ပြီး ဘယ်သူမှတောင် သတိထားလိုက်မိမှာမဟုတ်။

"ပထမတစ်ချက်တော့ အိုကေပြီ။"

ထို့နောက် တစ်နေ့ကမှ လောလောလတ်လတ် ခိုးယူထားခဲ့သည့် ဦးလေးဖြစ်သူ၏ ဘောင်းဘီရှည်ကို၀တ်ဆင်ထားသည့် ခန္ဓာကိုယ်အောက်ပိုင်းဆီကို ကျမအကြည့်က ရောက်သွားသည်... ထိုအခါတွင်တော့ ကျမခန္ဓာကိုယ်အနောက်ပိုင်းတစ်နေရာ (နေရာအတိအကျပြောရလျှင် တင်ပါးပိုင်း) က ယောက်ျားလေးမဆန်စွာ အနည်းငယ်အစ်ထွက်နေသည်...။

"အလို! ငါ့တင်သားတွေကလည်း ကြီးပြီး၀လာလိုက်တာ...
ဖက်တီးကြီးလိုပါဘဲလား..."

"ဟင့်အင်း ၀တာမဟုတ်ဘူး။ နည်းနည်းလေး မဆိုစလောက်လေးပြည့်နေတာ ဟုတ်တယ်။"

ကျမလည်း မှန်ထဲကကိုယ့်ပုံရိပ်ကို အလိုမကျစွာစိုက်ကြည့်ရင်းမှ
'နင့်ပုံစံကို ငါနည်းနည်းလေးမှ သဘောမကျဘူး။'
ရေရွတ်လိုက်မိသည်... ထိုအခါတွင်တော့ မှန်ထဲက လူငယ်လေးကလည်း ကျမကို မျက်မှောင်ကျုံ့ကာ ပြန်ကြည့်လာသည်။

You've reached the end of published parts.

⏰ Last updated: Jun 25 ⏰

Add this story to your Library to get notified about new parts!

တိတ်ဆိတ်ခြင်းနှင့်မုန်တိုင်းထန်မှုတို့ မျက်နှာချင်းဆိုင်တွေ့ဆုံကြသည့်အခါ...Where stories live. Discover now