Part 2

788 33 6
                                    

နောက်နေ့မနက်

'အမေ.....သမီးအပြင်သွားဦးမယ်နော် ရလား...ဟင်"
မေ

'အေး..နင်လဲ လေတစ်နေ့တစ်နေ့ အပြင်ပဲ သွားနေတယ် သွားသွားပြန်မလာရင်ကောင်းတယ် "
မေသံဇဥ်ချို ၏ အမေ

'မေမေကလဲ ကိုယ့်သမီးလေးပဲဟာ အဲ့လိုတွေမပြောပါနဲ့ သွားပြီနော် "
မေ

'ကြွ...ကြွ"
မေသံဇဥ်ချို ၏ အမေ

အပြင်သို့ရောက်သောအခါ
မေသံဇဥ်ချို သည် ချယ့် အိမ်ကိုသွား၍ ဘုရားသွားရန်ခေါ်သည်

'ချယ်..ချယ်..... ချယ်ရေ"
မေ

'ဪ...ဘယ်သူများလဲလို့ မေသံဇဥ်ချိုပါလား"
ချယ်

'ဟုတ် ချယ် ဘုရားသွားမလို့လိုက်မလား"
မေ

'ဘုရားသွားမလို့လား လိုက်ချင်တယ် "
ချယ်

'လိုက်ခဲ့ပေါ့ ချယ်ရဲ့ ဒီနေ့က စနေနေ့ကျောင်းပိတ်တယ်လေ လာပါ"
မေ

'အေးအေး ခဏစောင့်နော် ချယ် အဝတ်လဲလိုက်ဦးမယ် လာ...အိမ်ထဲဝင်လေ"
ချယ်

'ဟုတ်...ချယ်"
မေ

ဒီလိုနှင့်မေသည်ချယ့်၏အိမ်ထဲသို့ဝင်ခဲ့သည် အိမ်လေးမှာ သက်ရပ်လှပနေသည် ပြောင်လက် သန့်ရှင်းနေသည်

ထိုအခါ ချယ်သည် အဝတ်လဲပြီးပြန်ထွက်လာသည် ချယ်သည် မြန်မာဆန်ဆန် ဝတ်ဆင်ထားသောကြောင့် မေ့ မျက်လုံးထဲတွင် ချယ့်၏အလှကိုမထုတ်နိုင်ချေ

မြန်မာဆန်ဆန် ချိတ်ထမီ၊နက်မှောင်လှသောဆံနွယ်ရှည်ရှည်ကို ဖားလျားချ၍ မိတ်ကပ်မပါသောသဘာဝ အလှကိုမေတစ်ဝကြီးငေးကြည့်မိသည်

'မေသံဇဥ်ချို.... မေသံဇဥ်ချို ဟဲ့..မေသံဇဥ်ချို "
ချယ်

ချယ့်၏ခေါ်သံကြားမှ ပြာယီးပြာယာ ပြန်ထူးမိသည်

'ရှင် ချယ် တောင်းပန်ပါတယ် အတွေးလွန်နေလို့ပါ နော်.."
မေ

'ဪအင်းပါ လာသွားကြမယ်"
ချယ်

'ဟုတ်ကဲ့ပါ ချယ်"
မေ

မေနှင့်ချယ်တို့သည် ဘုရားရောက်သောအခါဘုရားရှိခိုးကြသည် မေသည် ချယ်ရဲ့ ဘုရားရှိခိုးနေစဥ်ကိုချစ်မြတ်နိုးလှ၍ငေး
ကြည့်မိသည်

ဘုရားရှိခိုးပြီးသောအခါ ချယ်နှင့်မေ သည်အိမ်ပြန်ခဲ့ကြသည်

ထိုည၌မေသည်ချယ့်အကြောင်းတွေးရင်း အိပ်မပျော်နိုင်ဖြစ်နေလေတော့သည်။

ဒါလဲ တိုတိုလေးပါပဲ....😅😅😅😅😅


ကျွန်မရဲ့ ချယ်Where stories live. Discover now