Praying to kyaikkhami - 4

134 7 0
                                    

အပိုင်း(၄)
ကျိုက်ခမီဘုရားသို့ဆုပန်၍

ဒီမနက်ဟာယုယအစောကြီးအိပ်ယာထဖြစ်သောနေ့ဖြစ်သည်။ဘာကြောင့်ဆိုသော် ကျိုက်ခမီဘုရားသွားဖို့ ယုယထပြင်ဆင်နေရခြင်းဖြစ်သည်။အမပပနှင့်အတူ သွားရမည်ဆိုကာ ယုယစိတ်ဟာ ခါတိုင်းလိုမဟုတ်ပဲ မနက်အစောကြီးထရတာတောင် ကြည်လင်လန်းဆန်းနေသည်။အဝတ်ဗီဒိုထဲက အမည်းရောင်ပန်းပွင့်သေးသေးလေးပါသည့် မြန်မာဝတ်စုံအပြာရောင်ဝမ်းဆက်ကိုယုယထုတ်လိုက်သည်။ပုံမှန်ဆို ယုယဟာ မြန်မာဝတ်စုံကိုဝတ်ဆင်လေ့ရှိသည့်သူမဟုတ်ပါ JJဘောင်းဘီတို့ ကာတွန်းရုပ်ပါသည့် စပန့်သားဘောင်းဘီနှင့် T shirtတို့သာအဝတ်များတတ်သူဖြစ်သည်။မြန်မာဝတ်စုံကိုတော့ ဘုရားသွားကျောင်းတက် အလှူအိမ်သွားတာလောက်သာ ယုယဝတ်ဖြစ်သည်။

"ယုယသွားတော့မှာလား"

အပြာရောင်မြန်မာဝမ်းဆက်နဲ့ ချစ်ဖို့ကောင်းနေတဲ့ယုယကို ကြည့်ပြီး ဖေဖေကမေးလိုက်သည်။

"ဟုတ်ကဲ့ဖေဖေ ... ဖေဖေအလုပ်သွားတော့မှာလား"

ပန်ရံဆရာကြီးတစ်ဦးဖြစ်သည့်ဖေဖေဟာ သူ့ပစ္စည်းတွေကို ထုပ်ပိုးနေတာမြင်တော့ ယုယမေးလိုက်ခြင်းဖြစ်သည်

"အင်း...သွားတော့မှာသမီးရဲ့"

မွန်စကားကိုမပီတပီပြောနေတဲ့ဖေ့ဖေ့ကိုကြည့်ကာ ယုယပြုံးမိသည် ဖေဖေဟာ ထားဝယ်လူမျိုးဖြစ်သည့်အတွက် မွန်းစကားပြောတဲ့အခါစကားသံကမပီသော်လည်း ဖေဖေ့ရဲ့မွန်စကားသံဟာ အတော်နားထောင်လို့ကောင်းသည်ဟု ယုယအမြဲမှတ်ချက်ပြုလေ့ရှိသည်။ဖေဖေက မေမေ့ကို ချစ်လွန်းလို့ မွန်စကားကို မေမေ့ဆီကနေသင်ယူခဲ့တာလို့လည်း ဖေဖေကပြောပြဖူးသည်။အိမ်ထောင်သက် 25နှစ်အကြာမှာ ဖေဖေဟာမွန်စကားအကုန်တတ်နေပြီလေ ပီအောင်ပြောနိုင်ဖို့က ဖေဖေလည်းတတ်နိုင်မည်မထင်ပါ။ယုယပြင်ဆင်ပီးကာ လက်မှာပတ်ထားတဲ့နာရီကို ကြည့်ကာ 8နာရီထိုးနေပြီမို့ ကြီးစိုးတို့အိမ်ဆီကို အဖြူရောင်ဆိုင်ကယ်တစ်စီးနဲ့ထွက်လာခဲ့သည်

"ဝေဝေနဲ့ ပပမပီးကြသေးဘူးလား နောက်ကျရင်နေပူမယ်နော် ကလေးတို့ မြန်မြန်လုပ်ကြ မနက်စာလည်းစားရအုံးမယ် မြန်မြန်လုပ်ကြ "

Praying To Kyaikkhami (ကျိုက္ခမီဘုရားသို့ဆုပန်၍)Where stories live. Discover now