အခန်း ၁- သဲများနှင့်လောက

85 11 0
                                    


ဟုန်ကျင်းမြို့ အနောက်တောင်ဖက်က ချင်ရွှေ့ လမ်းအိုလေး။

ထိုလမ်းသည် ဟုန်ကျင်းမြို့၏ အခြား စည်ကား‌သောလမ်းများနှင့်သိပ်မကွာလှ။ ရှည်လျားလွန်းသောလမ်းတွင် လမ်းဆုံးသည်အထိဆိုင်များတစ်ဖက်တစ်ချက်စီတွင်ပြန့်ကျဲနေသည်။ နေရောင်ခြည်က ကောင်းကင်ကိုထက်ခြမ်းပိုင်းထားပြီး ရွှေရောင်ဆည်းဆာပါးပါးက လမ်းကိုလွှမ်းခြုံထား၏။

လေထုထဲတွင် ကြက်ဥမုန့်ရနံ့မျိုးရနေသည် ဟုထင်ရသည်။

ညနေစောင်းလာလေလေ လမ်းက အသက်ဓာတ်တို့ဝင်လာလေလေ။

လမ်းဘေးမှငါးဆိုင်လေးတစ်ဆိုင်ထဲတွင် ငါးကြင်းတစ်ကောင်ဘေစင်ထဲမှလွတ်မြောက်ရန်ကြိုးပမ်းနေသည်။ ဘေစင်ထဲမှလွတ်လုဆဲဆဲတွင် ဘေစင်ထဲသို့ ဗိုက်မှကိုင်ကာပစ်ထည့်ခြင်းကိုခံလိုက်ရ၏။

ယခုနှစ်ထဲတွင် ဝမ်ချင်ဟွာ အသက်ခြောက်ဆယ်ပင်ပြည့်တော့မည်ဖြစ်သည်။ သူမ ဟုန်ကျင်း မြို့လေးတွင်နေထိုင်ခဲ့သည့်အနှစ်ခြောက်ဆယ်လုံးလုံးတွင် ဝမ်ချင်ဟွာ ၏ဘဝက သူနှင့်ရွယ်တူသက်လတ်ပိုင်းအမျိုးသမီးများနှင့်သိပ်ကွာလှသည်မဟုတ်။ သူ့မြေးအတွက်ငါးကြင်းစွပ်ပြုတ်လုပ်ပေးရန် ဆံပင်ကောက်ပြီးပြီးချင်း စလွန်းဘေးမှငါးဆိုင်တွင် ငါးကြင်းဝင်ဝယ်နေသည်။

"ဆယ်ယွမ် ဆယ်ယွမ်ပဲကျန်တော့တယ်"

သူမအိတ်ထဲမှတစ်ဆယ်တန်အနွမ်းလေးကိုဆိုင်ရှင်လက်ထဲထည့်ပေးလိုက်ပြီး သူမဆံပင်ကိုညင်ညင်သာသာသပ်တင်လိုက်သည်။

ရေဒီယိုထဲမှအက်ရှရှနောက်ခံအသံက လေထုကိုအပိုင်စီးထားသည်။ တစ်ခုခုကိုပြောနေသည်သလိုလို။

ငါးဆိုင်ပိုင်ရှင်က သူ့ခေါင်းကိုအကူအညီမဲ့စွာညိတ်ပြီး ပိုက်ဆံကိုသူဝတ်ထားသော သားရေရှေ့စည်းအင်္ကျီအိတ်ထဲထည့်လိုက်သည်။ ထို့နောက် ရေစိုလက်ချောင်းများဖြင့် ရေဒီယိုကိုအသံမြှင့်လိုက်သည်။

"အရေးပေါ်အခြေအနေတစ်ရပ်ကြေငြာရန်အတွက် ယခုထုတ်လွှင့်နေသောအစီအစဉ်ကိုခေတ္တရပ်နားထားပါမည်"

Criminal Psychology [   犯罪心理   ] Myanmar Transalation(Haitus)Where stories live. Discover now