လတွေအလီလီပြောင်းလဲသွားလို့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကနီးလာပြီ။ ဖေဖော်ဝါရီလမို့ နှင်းဖြူဖြူတွေက တစ်ဖန်ကျလာပြန်ပြီ။ သူတို့တွေလည်း အရွယ်လောက်လို့လာပြီ။
ဆောင်းဟွန်းက စာတော်တဲ့လူဆိုတော့ စာမေးပွဲနဲ့ပတ်သတ်ပြီး ပူပန်စရာမလိုပေမယ့်... ပူပန်တယ်!
ဆောနူဖို့ပူပန်နေတယ်။ ဆောနူနဲ့ တက္ကသိုလ်ခြားသွားမှာ အရမ်းပူပန်နေတာ။ ဆောနူက စာကုန်းရုံးလုပ်နေပေမယ့် အခြေအနေက ပုစိလေးလောက်ပဲ တိုးတက်လာတယ်။
ဆောင်းဟွန်းဘယ်လိုလုပ်ရပါ့။စာမေးပွဲမှာ တမင်အမှတ်နည်းအောင်ဖြေပြီး ဆောနူနောက်ကိုပဲလိုက်သွားရမလားမသိဘူး။
'လွယ်တာကိုခက်အောင်လုပ်နေတယ်။ ဆောနူကို စာပြပေးပြီး ကြိုးစားခိုင်းလေ။'လို့ စာဖတ်သူတို့ တွေးကောင်းတွေးလိမ့်မယ်။ အဲ့ဒါကဟုတ်ပါတယ်။ ဒါပေမယ့် ဆောနူကို အရမ်းကြီး stress မပိစေချင်တာမို့လေ။
ဆောနူက ဆောင်းဟွန်းကို ဒီ self study ရက်တွေထဲ မလာဖို့ပြောထားတော့ စာပြပေးလို့ရမရဘူး။ ဂျောင်ဝန်းကပြပေးတော့လည်း.. ဂျောင်ဝန်းကလည်း အချစ်စာမေးပွဲမဟုတ်တော့ စာမရပြန်ဘူး။ တော်တော့်ကို ဦးနောက်ကုန်စရာ။
ဒီတိုင်းပဲ သွားချလိုက်ပြီး အချိန်ရတုန်း စာပြပေးရင် ကောင်းမလား...။ တမင်အမှတ်နည်းအောင်ပဲ ဖြေလိုက်ရင်ကောင်းလေမလား..။
စဥ်းစားလို့မပြီးခင်မှာပဲ ဆောင်းဟွန်းက ဆောနူတို့အိမ်ရှေ့ကိုရောက်နှင့်နေပြီ။
အိမ်ရှေ့နှင်းတောထဲမှာ ဂျုံဆောင်းနဲ့ ဖုန်းထိုင်ပြောနေတဲ့ ဂျောင်ဝန်းက သူ့ကိုတွေ့တော့ မျက်လုံးတွေ ဝိုင်းစက်လို့သွားတယ်။ ဂျုံဆောင်းနဲ့ပြောနေလက်စကို စကားဖြတ်ပြီး "လာ။ လာ။" လို့ လက်အမူအရာနဲ့ ဆောင်းဟွန်းကို လှမ်းခေါ်တော့ ဆောင်းဟွန်းက ဂျောင်ဝန်းဆီကို မြန်မြန်ပဲ ဦးတည်လိုက်တယ်။
"ဆောင်းဟွန်း။ ဆောင်းဟွန်း။ ဆောနူက ဆောင်းဟွန်းကို အရမ်းလွမ်းနေတာ။"
YOU ARE READING
Stupid | SunSun |
Fanfiction• A Sunsun Fiction Written in Burmese • 《 ONE SHOT 》 #crdpic