♪♪♥

154 12 7
                                    


သူငယ်ချင်းသုံးယောက်ဆယ်တန်းစာမေးပွဲပြီးသဖြင့် ခရီးထွက်ရန် လူစု၍ တိုင်ပင်နေလေသည်။ ငါးယောက်အဖွဲ့ဖြစ်ပင်မဲ့ သုံးယောက်ကသာ အရင်တိုင်ပင်နေရသည်။ အကြောင်းမှာ ဟိုနှစ်ယောက်က သူတို့ဘိုးဘွားတွေနှင့် စကားလက်ဆုံကြနေ၍ ရောက်မလောသေးချေ။ စောင့်နေသည်မှာ ကြာနေပေပြီ။ သွားမည့်နေရာမှာလည်း အတည်တကျမရှိသေး။ မလာသေးသည့် အတွက်လည်း စိုးရိမ်စိတ်တို့ တစ်စတစ်စ မြင့်တက်လာလေပြီ။ လာနေပြီဟူ၍ ဖုန်းဆက်ထားသော်လည်း ရောက်မလာသေးချေ။ ထိုအုပ်စုထဲတွင် အကြီးဆုံးဖြစ်ပါသော မိုနှင်းမှ စ၍..

မိုနှင်း- မဟုတ်တော့ဘူးဟေ့ ခုထိရောက်မလာကြဘူး။  ဖုန်းဆက်တာလည်းမကိုင်ပြန်ဘူး။လိုက်သွားကြည့်ရမလား။

ဟူ၍ ကျန်သည့် နှစ်ယောက်အားမေးလိုက်သည်။

မွန်လာ- အေး ငါလည်းပြောမလို့ပဲဟ အဲ့နှစ်ယောက်က အချိန်တိကျတဲ့ဟာ ဘယ်လိုဖြစ်နေလဲ မသိဘူး။

သဲသျှား-လာဟာ သွားကြမယ် တက် ငါ့ဖုန်းနဲ့ ရွိုင်းဖုန်းနဲ့က GPS ချိတ်ထားတယ် လိုက်ရှာကြမယ်။

သျှားတို့လိုက်ရှာနေရင်း ရွိုင်းရဲ့ GPS နောက်ဆုံးပျောက်သွားရာ‌ေနရာသည်ကား မြို့ပြင်မှ မှော်လီအိမ်တော်။

..................................................................................
/မှော်လီအိမ်တော်//

ဒေါ်မြင့်မြင့်ချို ဟု ‌အမည်ရသော မှော်လီအိမ်တော်ရဲ့ အရှင်သခင်မ။ အသက်မှာ ၇၀ကျော်နေသော်ငြား အလှမပျက်။ ထိုအမျိုးသမီးသည် ဒေါသ ကြီးသည်။ အတ္တ အလွန်ကြီးသည်။

ဒေါ်‌ေရွှလသာ ခေါ်  အသာ / အသက်(၂၀)နှစ် _ရက်_နေ့  စနေနေ့တွင် ကွယ်လွန်သည်။ ဟူသည့် စာတမ်းသည် မှော်လီခြံကြီး၏ အနောက်ဘက်  ရေမွှေးနှင်းဆီခင်းကိုကျော်လွန်၍ အလယ်တည့်တည့်တွင် တည်ရှိနေပါသော မိုးပြာရောင်ဆေးခြယ်ထားသည့် အုတ်ဂူတွင်ရေးထိုးထားသည်။ ဤတွင် အဘယ်ကြောင့် ရက်နှင့် လအား သေချာဖော်ပြထားခြင်းမရှိသည်ကို ထိုအိမ်တော်မှ အတွင်းလူများမှတစ်ပါး မည်သူ တစ်ဦးတစ်ယောက်မျှမသိ။

ခြံဧကမှာ အလွန်ကျယ်လွန်းလှသော်လည်း ခြံထဲရှိ အိမ်ကြီးမှာ တစ်လုံးတည်း မားမားမတ်မတ် တည်ဆောက်ထားပေသည်။ မြို့၏ အထင်ကရ နေရာတစ်ခု၊ခြံတစ်ခု၊မျိုးရိုးမြင့်အသိုင်းအဝိုင်းတစ်ခု ဖြစ်ခဲ့သော်ငြား ခုချိန်တွင်တော့ လူတစ်ဦးတစ်ယောက်မျှ မပြောနှင့် တိရိစ္ဆာန်တစ်ကောင်မျှပင် မဖြတ်ရဲ။
အိမ်ကြီး၏အရှင်သခင်မအား ကြောက်သည်က တစ်ကြောင်း။ ထိုအိမ်ကြီးအား‌ေကြာက်သည်က တစ်ကြောင်း ။မမြင်ရသည့် အရာအား ကြောက်သည်ကတစ်ကြောင်းပေ....။

အချို...♥Where stories live. Discover now