ရွိုင်းသစ်-ေနအံုး
မိုနှင်း- ဘာဖြစ်လို့လဲဟ ဟိုမှာ အန်တီက
ရွိုင်းသစ်-ကြောင်တောင်ေတာင်တွေ လူပ်မနေနဲ့ ပြောထားတယ်လေ မြင်သမျှအမှန်မထင်နဲ့တဲ့။
မွန်လာ-အေးလေမိုနှင်းရယ်ရွိုင်းပြောတာ မှန်တယ်ဟ
ပြဿနာတွေထပ်မရှာပါနဲ့ နင်တို့ အောင်၂၀၈ကွက်ရလားသဲသျှား-ဖက်လုံးမ၁၀၈ကွက်ဟဲ့ နင့်အမေလို့၁၀၀ပိုလာရတာလားဟ။
မာန်ဟေမာ- နင်ပဲဆဲနိုင်သေးတယ် ကြက်တူရွေးမ။အဲ့ဖက်လံုးမကိုအလွတ်ကျက်ထားတာလားဟ ဟမ်။
ရွိုင်းသစ်- တိတ်ကြစမ်း ။ မရရင်လဲ ပါးစပ်လေးတွေပိတ်ထားကြ။
မွန်လာ- ဒီဟာလားဟေ။ အောင်၁၀၈ကွက်ဗုဒ္ဓစက် နောက်ကဘာပါလိမ့် ဗြဲ အမေရေ ကယ်ပါအုံးးးး။
မိုနှင်း-အီးဟီး အ့ အမေ့သမီး ငပျင်းမကြောင့်ပါ
ရွိုင်းသစ်-အား နားညီးလာပြီကွာ မရရင်လဲတိတ်ကြတော့ဟ
မာန်ဟေမာ-အီးဟီး အရှေ့က ဟိုအန်တီလား ဘာကြီးလား လှုပ်လာပြီဟ
သဲသျှား- ဖက်လုံးမ ချီးးးးးးးပဲ သရဲ သရဲ အားးးးး
ရွိုင်းသစ်တစ်ယောက် စိတ်ညစ်လာပေပြီ။ အော်ငိုနေသော သူငယ်ချင်းသုံးယောက်ကြောင့်။ ထို့နောက်အသံမထွက်သော မွန်လာ့အား သတိထားမိသွားလေသည်။
ရွိုင်းသစ်- မွန်လာ မွန်လာ မွန်လာ့!!
မာန်ဟေမာ- သေသွားပြီထင်တယ်
မိုနှင်း-အီးဟီးးး အဲ့လိုဆိုငါတို့က သရော်ကဲ နှစ်ယောက်နဲ့ပေါ့
သဲသျှား-ဖက်လုံးးးမ လူလိုမပြောဘူး ဘာလဲ သရော်ကဲက
မိုနှင်း-သရဲလေဟယ်
ရွိုင်းသစ်- ကဲ သဲသျှား နင်က ကြက်တူရွေးလား။ ဒီဖက်လုံးမပဲ လက်တမ်းဆဲနေတာ တိတ်ကြစမ်း အကုန်။ မွန်လာ့ကိုခေါ်ကြပါအုံးဟ
ထိုအခါမှ မာန်ဟေမာန်သည် ဘေးမှပြတင်းပေါက်အား မျက်ေတာင်မခတ်စတမ်းကြည့်နေသည့် မွန်လာ့အား ပုတ်လိုက်ရာ
မာန်ဟေမာ- မွန်လာ မွန်လာ ဟဲ့
မွန်လာ- နင် နင် နင်တို့ပြောတာငါအကုန်ကြားတယ်။ ဟို ဟို ဟိုမှာကြည့်ကြည့်။
YOU ARE READING
အချို...♥
Horrorအကြောင်းကြောင့် အကျိုးဖြစ်လာတာလေ။ ဒေါ်ရွှေလသာ သာ အဖြစ်ဆိုးတွေနဲ့မကြုံရရင် ဒေါ်ရင်တမာချို ဆိုတဲ့ဖြစ်တည်မှုလေးရှိလာမှာမဟုတ်ဘူးလေ~ #Maybel_Jame