နှင်းဆီနီရဲ့တစ်ခန်းရပ်ep10
.....တကယ်တော့ မာမီကသူ့သမက်လေးကို စိတ်ပြေလက်ပျောက် လန်းဆန်းသွားရအောင်ဆိုပြိး ကမ်းခြေခရိးကိုစီစဉ်ပေးခဲ့သည် ဘာလို့လဲဆိုတော့ အိမ်မှာနေရင် မျက်နှာလေးညိုးပြိး ခနခနလဲခိုးငိုနေတတ်တယ်မဟုတ်လား....
....မောင်နဲ့နှင်းဆီနီလေးသည် ပင်လယ်ပြင်ကိုငေးကြည့်နေခဲ့ကြတာ ညနေ 4နာရီတောင်ထိုးသွားလေပြီ နှစ်ယောက်သားလာထိုင်နေတဲ့နေရာကလဲ လူကလဲပြတ်သလို ငှားထားတဲ့ ဘန်ဂလိုလေးနဲလဲ ခပ်နဲနဲအလှမ်းဝေးသည်....
"မင်လေး ပြန်တော့မလား"
"မပြန်ချင်သေးဘူး ငါအရမ်းသဘောကျတယ်မောင်"
"မောင့်ကိုရော သဘောမကျဘူးလား"
" မောင်က ငါ့ရဲ့မရှိမဖြစ်လေးမို့ ဘယ်အရာနဲ့မှ မနိုင်းယှဉ်နိုင်လောက်အောင် သဘောကျတယ်"
"အပြောလေးနဲ့ချုပ်နေတာမောင့်နှင်းဆီလေးက ဒါနဲ့ ဘိုက်ဆာနေပြီလား မင်"
"အင်း ဆာတယ် ဒါပေမဲ့ပြန်၀ယ်ရင်အဝေးကြိးရယ် ငါ့အောင့်ထားလိုက်မယ် နောက်မှ တစ်ခါတည်းပြန်ပြိး စားကြတာပေါ့"
"မဟုတ်တာ မင်လေးအဆာခံလို့မရဘူးလေ ဒီမှာပဲ ခနစောင့် မောင်အမြန်ပြေးဝယ်လိုက်မယ်"
"ဒါဆိုလဲ အမြန်တော့ပြန်လာနော်...အော် မောင် ...ငါ့ကို အုန်းရည်လဲ ဝယ်ခဲ့ပေးဦး"
"စိတ်ချ မင်လေး မမှာလဲမောင်က သတိရပြိးသားပါ "
"ဒါကြောင့် မောင့်ကိုချစ်နေရတာ ...ဦးမွ..."
" ဒီမှာရောပေး"
...မောင်က နူပ်ခမ်းပါးလေးကိုစူပေးလိုက်တော့ မင်လေးသည် ဘေးနားလိုက်ကြည့်ပြိး ဘယ်သူမှမတွေ့မှ မောင့်နူပ်ခမ်းပါးလေးကို ပြွတ်စ်ကနဲ့အသံမြည်အောင် စုပ်နမ်းလိုက်သည်...
"အဟမ်း မင်လေးနော် မောင်ဒီနေရာမှာပဲ တစ်ကြောင်းဆွဲမိတော့မယ်"
"ဟာ မောင်ကလဲ အမြန်သွားတော့ ဘာလဲမသိဘူး"
"ခနပဲစောင့်"
...မောင်ထွက်သွားတော့ ဂျီမင်းတစ်ယောက်မောင်နဲ့ဆုံတွေ့ခဲ့တဲ့အကြောင်းတွေပြန်တွေးနေမိသည် မောင်က ငါ့အတွက်ဘုရားသခင်ကဖန်ဆင်းပေးတဲ့ကံကောင်းချင်းလက်ဆောင်ပဲ ဒါကြောင့် ငါမောင်နဲ့ဘယ်တော့မခွဲပဲ ဘာပဲဖြစ်ဖြစ် အနားမှာတစ်သက်လုံးရှိသွားမယ် ဒါပေမဲ့ မောင်ငါ့ကို မထားခဲ့ရင်ပေါ့...