Part 1 (uni)

18 0 0
                                        

မျက်နှာပေါ် ကျရောက်လာတဲ့ အလင်းရောင်ကြောင့် မထချင်ပဲ ထရအုံးမယ် ‌မထရင် မားသားကြီးက ခနခန လာနိုးခိုင်းနေမှာ စော"စီး"နားပူစရာတွေ

"အကိုလေး အိပ်ရာထချိန်ရောက်နေပါပီ"

"သိတယ် လစ်တော့
အဟက် ကျောင်းချိန်တောင်နီးနေပီပဲ"

ရေချိုးခန်းထဲက ရေပန်းအောက်မှာ အသာယာငြိမ်နေပီး မျက်နှာပေါ်ကျလာတဲ့ ရေစက်လေးတွေရဲ့အထိအတွေ့ကို ခံစားရင်း ကိုယ့်ဘဝကိုပြန်စဉ်းစားမိတော့ ‌လိုချင်တဲ့အရာကို လိုချင်တဲ့အချိန် တန်းရနိုင်တဲ့သူ့ဘဝကိုကျေနပ်နေခဲ့တယ်။ အဟက်  အဓိက က ပိုက်ဆံနဲ့အာဏာပဲမို့လား သူ့မှာ လုံ"လောက်"ရနေပီပဲ ဘဝကြီးကအရမ်းသာယာနေတာပဲ။

"အကိုလေး ရေချိုးပီးရင် မေမေကြီးက သူအခန်းထဲလာခဲ့ပါအုံးတဲ့"

"ကျစ်!!  ဘာတွေပွားအုံးမလဲ မသိဘူး"

"အကိုလေးရှင့်...."

"ငါနားကအကောင်းကြီးပဲ ကြားတယ် ငါရေချိုးနေတာကို မင်းနားမလည်ဘူးလား ဘာလဲ ရေချိုးခန်းထဲထိ ဝင်ပြောချင်သေးတာလား"

"မဟုတ် ဟုတ် ရပါဘူးရှင့်...."

"ကျစ်!! တစ်ယောက်မှ ‌ောက်သုံးမကျဘူး ပြောလိုက်ရင် ငိုမဲ့မဲ့ဖစ်သွားတဲ့သူတွေချည်းပဲ အဲ့လောက်ပျော့ညံ့နေရင် ဒီအိမ်မှာ လုပ်မနေကြနဲ့ ထွက်သွားကြ"

"တောင်း တောင်းပန်ပါ တယ် ရှင့် အကိုလေး အေးဆေးချိုးပါ"

ကြည့်နေ ခနနေရင် မားသားကြီးကပွားအုံးမှာ စိတ်ရှုပ်စရာတွေပါကွာ ရေချိုးခန်းထဲကနေ bathrobe တစ်ထည်နဲ့ထွက်လာပီး အဝတ်စားဗီရိုကိုဖွင့်ပီး ‌စိတ်ကြိုက်တစ်စုံကိုရွေးနေတုန် ဗီရိုက မှန်မှာ ပေါ်နေတဲ့ သူ့ပုံစံကိုပြန်ကြည့်ရင်း

အဟက် ငါကတော်"ချောတာပဲ မျက်နှာကျလဲအဆင်ပြေတယ် ခန္ဓာကိုယ်ထွားအထဲမပါပေမဲ့ သေးကွေးနေတဲ့အထဲလဲမပါဘူး တတိယနှစ်နဲ့ အရပ်က 5'8" လောက်ဆိုတာ ကွက်တိပါပဲ နည်းနည်းလူကပိန်နေတာလွဲပီးပေါ့ ဒါပေမဲ့ အချိုးစားညီပါတယ် ရှင်း"ပြောရရင် ခန္ဓာကိုယ်က မိန်းခလေးတွေထက်‌တောင်သွယ်သေးတယ် တခြားသူတွေလို တအားထွား"ကြီးတွေမဖြစ်ချင်ပါဘူး ဒီလောက်ဆိုကွက်တိပဲပေါ့ အဟက် ကျောင်းမှာဆို ငါ့လောက်ကြည်တာငါပဲရှိတယ်  မိန်းကလေးတွေအပြင် ယောင်္ကျားလေးတွေပါ ကြည့်ယူရတဲ့ ဖြစ်တည်မှုမျိုးပဲ တစ်ချို့က ပိုက်ဆံကြောင့်ကပ်တယ် တစ်ချို့ကတော့ ချစ်တယ် ဆိုတဲ့စကားနဲ့ကပ်တယ် ဘာအရေးလဲ သူလိုချင်တဲ့အချိန် သူလိုအပ်တဲ့အရာရနေတာပဲ လာ play တော့လဲ ဒီက အရိပ်သစ် တို့က ကောင်းကြီး ပြန် play ပေးလိုက်မှာပေါ့ ဘာခက်တာမှတ်လို့..ကဲ ကျောင်းချိန်ကနီးနေပီ တွေ့ရာတစ်ထည်သာကောက်လျိုပစ်လိုက်‌တော့မယ်..

My comfort zone Where stories live. Discover now