{Unicode}
.. မင်း မရှိတဲ့ အနာဂတ်မှာ...
ရှင်သန်ခြင်းတွေကို ငါ မမက်မောဘူး...။***
သင်္ကြန်မရောက်မီ တစ်ရက်အလို ...
ညနေပိုင်း...
"အမေ... ဘယ်မှာလဲ? ဘယ်မှာလဲ ပျိုးငယ်..."
လယ်ထဲ သွားနေသည့် သားဖြစ်သူကတော့ ဒီလောက် ရာသီဥတုအကြား ပြေးလွှားပြီး အိမ်ကို ပြန်လာပုံ ရသည်။ ချွေးစ များဖြင့် ရှိနေပြီး ပုခုံးပေါ်မှ ပေါက်ပြားကို ဒီအတိုင်း ဂွမ်းခနဲ မြည်အောင် လွှတ်ချခဲ့ပြီး... အသည်းအသန် စိတ်ပူနေဟန်ဖြင့်...။
ကြာရင်တော့ ပျိုးငယ်က ဘာမှမဖြစ်ရဘဲ ငဦးက သေတော့မည် ထင်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ စိုးရိမ်ဟန် အပြည့်။ အသက်တောင် ဒီကလေး ရှုရဲ့လလား မသိပါ။
"ကဲ... ခဏ ... စိတ်အေးအေးထားပါ ငဦးရယ်။ ပျိုးငယ်က ဘာမှမဖြစ်ပါဘူး...။"
"အခု... ဘယ်မှာလဲ? မေ့လဲသွားတာ ကြာပြီဆို။ ကျွန်တော့်ကိုလည်း ဘယ်သူမှ မပြောကြဘူး။ ကျွန်တော် ေ၀ကြီး ပြောမှ သိတာ။"
ငဦးကတော့ လုံး၀ကို စိတ်ပူပန်မှုနှင့် ဒေါသများက လုံးထွေးနေသည် ထင်သည်။ ကြာတော့ ကိုယ်လည်း တားမရသည့် အဆုံး...
"ကဲ... အပေါ် သွားကြည့်... ဟုတ်ပြီလား? အကြောင်းစုံကို ကိုယ့်မိန်းမ ကိုယ်သာ မေးကြည့်။"
အမေ့စကား အဆုံးမှာတော့ အိမ်ပေါ်သို့ တစ်ချက်မော့ကြည့်ပြီး အပြေးအလွှား တက်မိလိုက်သည်။ အိမ်ပေါ်သို့ ေ၀့ကြည့်လိုက်ပြီး မိမိတို့ အိပ်ခန်းဆီ သွားသည့် အချိန်မှာတော့ ပျိုးငယ် ဘေးနားမှာ ရှိနေသည့် မကေသီ။