" တနေကုန်တနေခမ်းဒီမှာရှိနေတာကိုဘယ်တော့လူတောတိုးရဲမှာလဲ "
နွေဦးမောင်စာဖတ်နေတဲ့နေရာမှာရုတ်တရက်ဝင်လာပြီးစကားနာထိုးသူမှာမိခင်ဒေါ်ရွေခင်စောပင်ဖြစ်သည်။
" နွေဦးမောင် သမီးကမာမီ့ဆီမရောက်လာတော့မာမီကပဲသမီးဆီကိုအရောက်လာခဲ့တာ "
" ဘာကိစ္စရှိလို့လဲ ပြောစရာရှိတာပြောပါအချိန်မရှိဘူး "
" အရိုင်းအစိုင်းလေး ဖအေတူသမီးလေးပဲ "
" ရှင့်အတွက်ရိုင်းရင်ရိုင်းလိမ့်မယ် ဒါပေမယ့်ဒယ်ဒီ့အတွက်ကျွန်မကလိမ်မာတဲ့သမီး အော် ပြီးတော့ ဒယ်ဒီကကျွန်မဘဝမှာအကောင်းဆုံးသောဖခင်တစ်ယောက်ပဲ "
" နွေဦးမောင် ငါကနင့်အမေနော် နင်ကပ်ကပ်လှန်ပြန်ပြောနေတာနင့်ရဲ့မာတာကျေးဇူးရှင်ဆိုတာမမေ့နဲ့ဦး "
" အဲ့တော့ထိုင်ကန်တော့နေရမှာလား မွေးကျေးဇူးသာရှိမယ် ကျန်တာကတော့ကျွန်မအပေါ်မှာဘာတာဝန်ယူမှုဘာကျေးဇူးတရားမှရှိမနေပါဘူး ရှင့်လိုငွေမက်တဲ့အမေမျိုးကမွေးထားတာကျွန်မကိုကျွန်မတောင်ရှက်တယ် "
" နွေဦးမောင်...(ဖြောင်း)"
နွေဦးမောင်ရဲ့ပါးပေါ်သို့လက်ရောက်သွားခဲ့သည်။
" မုန်းတယ် ရှင့်ကိုမုန်းတယ် "
မျက်ရည်ကျလာကာလွယ်အိတ်ကိုကောက်လွယ် lap top ကောက်ကိုင်လိုက်ကာဒေါသပါသောခြေလှမ်းတွေနဲ့ထွက်သွားလေသည်။
" သမီးငယ် "
" ဒယ်ဒီ "
အိမ်ထဲဝင်ဝင်ချင်းပဲဖခင်ဖြစ်သူကိုပြေးဖက်ပြီးငိုတော့သည်။
" နွေဦးမောင် သမီး ဘာဖြစ်လာတာလဲ "
" မာမီ သမီးပါးကိုရိုက်လွတ်လိုက်တယ် "
" ဘယ်လို "
" မာမီ့ကိုမုန်းတယ် "
" ကဲပါ ဟုတ်ပါပြီ မငိုနဲ့တိတ်တော့ သွား သွားနားတော့ "
သမီးဖြစ်သူကိုလွတ်လိုက်ပြီးဒေါ်ရွှေခင်စောထံချက်ချင်းဖုန်းကောက်ဆက်လေသည်။
" ဟယ်လို "
" ရွှေ ငါတို့သမီးလေးကိုဘာလုပ်လိုက်တာလဲကွာ "
YOU ARE READING
Secret Love On Air
General Fictionမြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစွန့်လွတ်လာချင်တယ်။ တစ်ဖက်မှာလည်း မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ကြောင့်သာဘဝတစ်လျှောက်မကြိုက်ခဲ့ဖူးသောကော်ဖီခါးခါးတစ်ခွက်ကိုမနက်ခင်းတိုင်းမှာသောက်...