Unicode

158 35 14
                                    

မှတ်တမ်းတွေအရ Sirenတွေက ငှက်ခေါင်းနဲ့လူကိုယ်ရှိကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လို့ အချို့မှတ်တမ်းတွေမှာတော့ Sirenတွေက Mermaid/Merman တွေနဲ့ တူတယ်လို့ဖော်ပြထားတယ်။ ပုံသဏ္ဍာန်အားဖြင့်တော့ အများအားဖြင့်က ရေသူ၊ရေသူမပုံစံတွေပါ။

အဲ့ဒီသတ္တဝါနှစ်ရပ်ကြားက ကွာခြားချက်သေးသေးလေးက
Siren တွေဟာ သူတို့ရဲ့သီချင်းဆိုသံကိုသုံးကာ သင်္ဘောသားတွေကို ညှို့ယူပြီးပင်လယ်နက်ထဲဆွဲခေါ်သွားတတ်တဲ့  ဒဏ္ဍာရီလာမကောင်းဆိုးဝါးတွေဖြစ်တယ်ဆိုတာပါပဲ....

~~~

1836 ၊ စက်တင်ဘာလ။
ပင်လယ်ရေပြင်ပေါ်က တစ်ခုသောရက်။
ကောင်းကင်ယံက နက္ခတ်တွေမှာ ကောင်းခြင်းတစ်ခုမှရှိမနေခဲ့ပါ။

"ဒီနေ့ဘာဖြစ်နေတာလဲ..ရာသီဥတုကလည်း မှိုင်းမှိုင်းကြီး"
သင်္ဘောဘောင်ကိုမှီပြီး ရပ်နေသူဟာ ရင်ဘတ်ခပ်ဟိုက်ဟိုက် အပြာနုရောင်ဂါဝန်တစ်ထည်နှင့်။

ဂိုနာအွန်း။ သင်္ဘောကပ္ပတိန်ရဲ့ ညီမ။

ပင်လယ်ပြင်က သင်္ဘောတွေဆီက ရသမျှအကုန်လုယူပြီး ဓားပြတိုက်တာဟာ ဂိုနာအွန်းတို့ပင်လယ်ဓားပြသင်္ဘောရဲ့အလုပ်။ သင်္ဘောတွေ့တိုင်း ဝင်ကျုံးရတဲ့ ထူးမခြားနားနေ့ရက်တွေထဲကမှ ဒီတစ်နေ့လေးတော့ ကိုယ့်အတွက် ထူးခြားတဲ့နေ့တစ်ခု။

ဒီနေ့ အစ်ကိုဒုံဂျွန်းမွေးနေ့။
ဒီနေ့လေးဖြစ်ဖြစ်တော့ အစ်ကို့မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲစေချင်တာ...။

အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့် အစ်ကိုဖြစ်သူကတော့ မုန်တိုင်းအန္တရာယ်ရင်ဆိုင်ရနိုင်ကြောင်း
အဖွဲ့သားတွေကို သတိတွေပေး၊ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ဖို့ အမိန့်တွေပေးနဲ့
ရှေ့လျှောက်နောက်လျှောက် အလုပ်များနေပုံက
ဒီနေ့ သူ့မွေးနေ့ဆိုတာရော သတိရသေးရဲ့လား။

"အစ်ကို!"
ကိုယ်လှမ်းခေါ်တော့ အလုပ်ရှုပ်နေပေမယ့် သူကြည့်ပြီး ပြုံးပြရှာတယ်။ ပြီးတော့ ကိုယ့်ဝတ်စုံကို လက်ညှိုးထိုးပြီး

"တအား ဟိုက်နေတယ်။ ဆွဲတင်!" တဲ့။
အသံမထွက်ဘဲ ပါးစပ်လှုပ်ပြတယ်။

The Siren [Oneshot]Where stories live. Discover now