5

353 26 0
                                    

Unicode

"ဂျောင်ဝန်းနား အခြေအနေဘယ်လိုလဲ"
"ဘာကိုလဲ"
"မနေ့ကပြန်လိုက်ပို့ပေးတယ်ဆို"
"ဘာကို"
"ဟာ မင်းရဲ့ ရည်းစားကိုပြောနေတာ"
"ဘယ်ကရည်းစားလဲ ရည်းစားမရှိဘူး"
"မတော်ရသေးတဲ့မင်းရဲ့ရည်းစားပတ်ဂျေးကိုပြောနေတာ"
"အာ ဂျယ်ယွန်းဟျောင်း!!!"
"ယန်းဂျောင်ဝန်း မအော်လည်းရတယ် ငါနားမကန်းသေးဘူး"
"ဘယ်ကနေဘယ်လိုရည်းစားဖြစ်ရမှာလဲသူက အံ့သြတယ်ဗျာ"
"ဘယ်လိုဖြစ်ဖြစ်လေ သူမင်းကိုလိုက်နေတာကိုမင်းမသိတာလည်းမဟုတ်ပဲနဲ့"
"သိတယ် ဘယ်လိုသိတာလဲအဲ့အကြောင်းကို"
"ဟမ် အဲ့ကောင်ကငါတို့အရှေ့မှာတင်မင်းကိုဖွင့်ပြောသွားတာလေ"
"အဲ့တာမဟုတ်ဘူး လိုက်ပို့တဲ့ကိစ္စ"
"အာအဲ့တာက ယန်းဂျူဝန်းပြောပြတာ"
"ဒီအစ်မကတော့တကယ်ပါပဲ ကိုယ့်မောင်အကြောင်းအကုန်လုံးကိုလိုက်ပြောနေတာပဲ"

တော်တော်ကောင်းတဲ့အစ်မ ထင်တော့ထင်သား ညကလာမေးနေတည်းကနေပြဿနာရှာတော့မယ်ဆိုတာကို တကယ်ကိုမလွယ်ဘူးပဲ အဲ့အစ်မတစ်ယောက်မာမီ မားသားကိုသာသွားမပြောပါစေနဲ့ တော်ကြာမုန့်ဖိုးအဖြတ်ခံနေရမှ

"မပြောပါဘူး ဂျူဝန်းကအဲ့လိုတော့မပြောဘူး သူများအကြောင်းစပ်စုတတ်တာလေးတစ်ခုပဲ ကျန်တာအကုန်ကောင်းတယ် ငါ့သူငယ်ချင်းလေးက"
"ဘယ်ကသူငယ်ချင်းကိုပြောနေတာလဲ ရှင်းမ်ဂျယ်ယွန်း"

စကားပြောနေတုန်းအနောက်ကနေထွက်လာတဲ့အသံကြောင့်လူကကြက်သီးပင်ထရတဲ့အထိ ဒီအသံကိုကြားထဲကနေလူကထွက်ပြေးချင်စိတ်ပေါက်နေပြီ မပြေးလို့လည်းမရလောက်ဘူး နှစ်ယောက်မရှိတဲ့တစ်မိုးအောက်ပတ်ဆောင်းဟွန်းလေ လေသံအရတော့ဒေါသထွက်နေတယ်နဲ့တူတယ် ဆောင်းဟွန်းဟျောင်းဒေါသထွက်နေပြီဆို အနားကပ်ရဲတာဂျယ်ယွန်းဟျောင်းတစ်ယောက်ကလွဲပြီးဘယ်သူမှမရှိဘူးလေ အဲ့တော့...ဘိုင့်ဘိုင့်ပါ...

"မေးနေတာကိုမဖြေဘူးလား ရှင်းမ်ဂျယ်ယွန်း!"
"ဟွန်း ဘာဖြစ်နေတာလဲ လူတွေအကုန်ဝိုင်းကြည့်နေပြီ"
"ဟိုလေ ကျွန်တော်သွားပြီနော် နောက်မှတွေ့မယ်"
"ရားး ယန်းဂျောင်ဝန်း နေဦးလေ"
"ရှင်းမ်ဂျယ်ယွန်း ကိုယ်မေးတာကိုမဖြေဘူးလား"
"ဟွန်းကအစမရှိအဆုံးမရှိမေးနေတာကို ဂျယ်ကဘယ်လိုဖြေရမှာလဲ"
"ဘယ်ကသူငယ်ချင်းလဲလို့မေးနေတာလေ"
"သူငယ်ချင်း? အာ ဂျူဝန်းကိုပြောတာလား"
"ဂျူဝန်း ယန်းဂျူဝန်းလား"
"အင်းလေ ယန်းဂျူဝန်းကိုပြောတာ ဘာဖြစ်လို့လဲ"
"အဲ့တာဆိုလည်းပြီးတာပဲ"
"ဘာဖြစ်သွားတာလဲဟွန်း"
"ဘာမှမဖြစ်ဘူး ကိုယ်ပြန်ပြီ"
"အယ် နေဦးလေ ဟွန်း စောင့်ဦးလို့ အ!"
"ဘာဖြစ်တာလဲ ရရဲ့လားဂျယ် ဘယ်နားထိသွားသေးလဲ"
"အဲ့တာမင်းကြောင့်လေ ခေါ်နေတဲ့ဟာကို အီးဟီးး ပတ်ဆောင်းဟွန်းက အကျင့်မကောင်းဘူး သူများကိုနှိပ်စက်နေပါတယ် အီးဟီးး"
"မငိုနဲ့လေ ထ ဆေးရုံသွားမယ် အရိုးတွေဘာတွေများကျိုးသွားရင်ဘယ်လိုလုပ်မလဲ ထသွားမယ်လာ"
"မကောင်းတဲ့ကောင် သွားငါ့ကိုလာမထိနဲ့ အီးဟီးး"

Sweet Love [Complete]Where stories live. Discover now