Part-30.1

273 42 0
                                    

Chapter- 30

ထောင်ရှီးအတွက် ကျောင်းဆင်းချိန်တွင် မိဘများလာကြိုခြင်းမှာ ငယ်စဉ်ကတည်းက အလိုချင်ဆုံး အရာတစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် ရုတ်တရက် မိုးရွာလာပြီး သူ့တွင် ထီးမပါလာသည့်နေ့မျိုး၌ဖြစ်၏။ ထိုနေ့များဆိုလျှင် သူ့အတန်းဖော်များကို မိဘများက ရောင်စုံထီးများကိုင်၍ တစ်ယောက်ပြီးတစ်ယောက် လာကြိုကြပြီး တီတီတာတာ စကားများပြောဆိုကာ ပြန်သွားကြသည်ကို သူက ငေး၍သာ ကြည့်ခဲ့ရသည်။

အစတွင် သူ့ကို ကောဖျင်က လာကြိုမလားဟု စောင့်ခဲ့သေးသော်လည်း တစ်ခါမှ ရောက်မလာခဲ့သဖြင့် ထပ်မစောင့်တော့ဘဲ သူ့ခေါင်းကိုအုပ်၍ မိုးရေထဲသို့ ပြေးဝင်ခဲ့တော့သည်။ ရွှံ့ထူနေသော တောင်တက်လမ်းတစ်လျှောက်မှ အိမ်ရောက်အောင် ဒရောသောပါးပြန်လာခဲ့ပြီးနောက် အဝတ်အစားလဲ၊ လျှော်ဖွပ်သန့်ရှင်းပြီး ညအခါ မိသားစုဝင်များ ရေချိုးရန်အတွက် ရေနွေးတည်ရသည်။ လုပ်စရာအလုပ်များပြီးစီးသွားသောအခါ အိမ်စာများ စလုပ်သည်။  အရွယ်ရောက်လာသောအခါတွင်လည်း သူကိုယ်တိုင် ထမင်းဟင်းချက်ရပြန်သည်။

ထို့ကြောင့် ထောင်ရှီးမှာ ပန်းချီသင်တန်းပြီး၍ ချောင်မိသားစု၏ ဧည့်ခန်းတွင် လင်ချင်းဟယ်ကို တွေ့လိုက်ရသည့်တစ်ခဏ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုမှာ သကြားခပ်ထားသည့် ရေနွေးပန်းကန်ထဲသို့ လီမွန်သီးခြောက်လေးတစ်စိတ် ထည့်လိုက်သည့်အလားပင်၊ မည်မျှ ချဉ်နေပါစေ ခံစားချက်မှာ ချိုမြိန်နေ၏။

လင်ချင်းဟယ်က အကြောင်းတိုက်ဆိုင်မှုကြောင့် ရောက်လာခြင်းဖြစ်သော်လည်း သူ့ကို လိုက်ပို့ပေးရန် ဖြစ်လာခဲ့သည်။

ညနေစောင်းတွင် ခမ်းနားထည်ဝါသော ဆည်းဆာရောင်ခြည်က ဘန်ဂလို၏ အနီရောင်ခေါင်မိုးကို ကြက်သွေးရောင်အဖြစ် ဆေးရောင်ခြယ်သထားသည်။ ထောင်ရှီးက လင်မိသားစုပိုင်ကားသို့ လင်ချင်းဟယ်၏ဦးဆောင်မှုဖြင့် လိုက်လာသည့်အခါ ကားမောင်းသူက ချန်ထင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူက ယာဉ်မောင်းထိုင်ခုံဘက်သို့ ခန္ဓာကိုယ်ကိုကိုင်း၍ ခေါင်းလေးစောင်းကာပြုံးရင်း ချန်ထင်ကို နှုတ်ဆက်လိုက်သည်။

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now