Arc (1.1)

560 96 7
                                    

Unicode

ဆူညံသံတစ်ချို့က သူ့နားထဲတိုးဝင်လာသည်။ သွမ့်ချီယွမ် ပျင်းရိစွာ မျက်လုံးမှေးကျဥ်းထားရင်း ပတ်ဝန်းကျင်ကိုလေ့လာဖို့ရန်စိတ်မဝင်စားပေ။ ခုံပေါ်မှောက်ထားလျက်သားပင် မျက်လုံးတွေကိုမှေးမှိတ်ထားလိုက်သည်။ ပတ်ဝန်းကျင်ဆူညံသံက သူ့ကိုအနှောင့်အယှက်မဖြစ်သည့်အလားပင်။

[အရှင်သွမ့်....ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဥာဏ်တွေကိုကြည့်ချင်ပါရဲ့လား]

'အင်း'

သွမ့်ချီယွမ်၏ ပျင်းရိလွန်းသည့်ပြန်ဖြေသံကြောင့် system ရှောင်ရှစ်ဟာသက်ပြင်းခပ်တိုးတိုးချမိလိုက်သည်။ မှတ်ဥာဏ်ပေါင်းများစွာက သူ့ခေါင်းထဲတိုးဝင်လာသည်။ သာမန်လူတစ်ယောက်သာဆိုရင် ခေါင်းပေါက်မတတ်ခံစားရနိုင်သော်လည်း သွမ့်ချီယွမ်အတွက်တော့ ၎င်းမှတ်ဥာဏ်တွေက သမုဒ္ဒရာထဲကျသွားတဲ့ရေတစ်စက်သာသာတောင်မရှိပေ။ ဘာကြောင့်ဆို သူပိုင်ဆိုင်တဲ့မှတ်ဥာဏ်တွေက မရေမတွက်နိုင်တဲ့ဘဝပေါင်းများစွာကမှတ်ဥာဏ်တွေဖြစ်နေတာကြောင့်ပင်။ ကမ္ဘာအမျိုးမျိုးမှာ လူတစ်ယောက်အဖြစ်နေထိုင်တာက သူ့အတွက် မထူးဆန်းတော့ပေမယ့် သူ့အကြောင်းအလုံးစုံမသိသည့် နတ်ဘုရားအုပ်စုဟာ ဖားချင်စိတ်ပြင်းထန်သွားတာကြောင့် ယခုလိုအတင့်ရဲလွန်းသည့်တောင်းဆိုမှုမျိုးကို တောင်းဆိုလာတာဖြစ်သည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှင်သန်လာခဲ့ပြီးဖြစ်သည့်နတ်ဘုရားတွေအတွက် အပျင်းဖြေရာမှာ ယခုလိုကမ္ဘာတွေထဲလျှောက်ဆော့ကစားခြင်းသာဖြစ်သည်။ သို့ပေမယ့် အပျင်းတကာ့၊ အပျင်းထိပ်ခေါင် သွမ့်ချီယွမ်အတွက် ဒီကမ္ဘာက မြန်မြန်ထွက်နိုင်လေ၊ ပိုကောင်းလေဟုသာသတ်မှတ်ထားလိုက်သည်။ ပြီးရင် သူ့မိဘတွေရှိရာကမ္ဘာဆီ ပြန်သွားနိုင်ပေလိမ့်မည်။

ဒီကမ္ဘာက သာမန်ကမ္ဘာတစ်ခုသာဖြစ်ပြီး သူနေထိုင်ခဲ့သည့် ၂၁ရာစု ခေတ်လည်းဖြစ်သည်။ ကမ္ဘာတစ်ခုတည်တည်ငြိမ်ငြိမ်လည်ပတ်နိုင်ဖို့ရန်အတွက် ကမ္ဘာတိုင်းတွင် ကောင်းကင်သားတော်၊ ဒါမှမဟုတ် ကောင်းကင်သမီးတော် တစ်ယောက်တော့ရှိသည်။ ကောင်းကင်သားတော်/သမီးတော် တစ်ယောက်သေဆုံးသွားရင် နောက်ထပ်ငယ်ရွယ်ပြီးအလားအလာကောင်းတဲ့ ကောင်းကင်သားတော်/သမီးတော်တစ်ယောက်ကို ထပ်မံရွေးချယ်ပြီး ကမ္ဘာကြီးကိုတည်တည်ငြိမ်ငြိမ်လည်ပတ်စေသည်။

အပျင်းကြီးတဲ့ 'ဂျင်းနီ' က ချစ်မိသွားပြီ [System]Where stories live. Discover now