Unicode
ချူးယွင်ရှီးက ကမ္ဘာပျက်ကပ်အား အခြေခံထားသည့် ဝတ္ထုတစ်ပုဒ်ကို ဖတ်နေခဲ့ပြီး ထိုဝတ္ထုထဲတွင် စွမ်းအားနိုးထလာသည့် စွမ်းအားရှင်များလည်း ပါဝင်သည်။
ဝတ္ထုထဲတွင် သူနှင့် အမည်ချင်းတူသည့် ချူးယွင်ရှီးဟူသော ဇာတ်ကောင်တစ်ခု ပါရှိသည်။ ထိုဇာတ်ကောင်က အဓိကဇာတ်လိုက်၏ အစ်ကိုဖြစ်ပြီး ပြန်လည်မွေးဖွားလာသူ ဖြစ်သည်။ သူသည် ယခင်ဘဝမှ ညီဖြစ်သူကြောင့် သေဆုံးသွားခဲ့ရပြီး ပြန်လည်မွေးဖွားလာသည့်အခါ လက်စားချေချင်စိတ်က ကြီးစိုးနေခဲ့သည်။ ထို့ကြောင့် သူက လက်စားချေရန်အတွက် ရူးမိုက်သည့် အပြုအမူတို့တစ်ခုပြီးတစ်ခု လုပ်ခဲ့လေသည်။
သို့ပေမယ့် သူ့ညီဖြစ်သူက အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်နေခဲ့ပြီး ဝတ္ထု၏ အဓိကဇာတ်လိုက်ဖြစ်သည့်အလျောက် အားကောင်းလှသည့် ဇာတ်လိုက်ရောင်ဝါကြောင့် သူသာလျှင် ဒုက္ခလှလှတွေ့ကာ အသေဆိုးနှင့် သေဆုံးခဲ့ရပြန်သည်။
ချူးယွင်ရှီးက ဖတ်ရင်းဖြင့် ဝတ္ထုထဲမှ နှစ်ဘဝတိုင်တိုင် ဒုက္ခခံကာ အလဟဿ သေဆုံးခဲ့ရသည့် ချူးယွင်ရှီးဇာတ်ကောင်အတွက် ကြိတ်မနိုင်ခဲမရဖြစ်ကာ စာရေးဆရာကို ဆွေစဥ်မျိုးဆက် ကျိန်ဆဲမိသောကြောင့် ဝတ္ထုအတွင်း အရှင်လတ်လတ် ကူးပြောင်းသွားခဲ့ရလေသည်။
******
Zawgyi
ခ်ဴးယြင္႐ွီးက ကမ႓ာပ်က္ကပ္အား အေျခခံထားသည့္ ဝတၳဳတစ္ပုဒ္ကို ဖတ္ေနခဲ့ၿပီး ထိုဝတၳဳထဲတြင္ စြမ္းအားႏိုးထလာသည့္ စြမ္းအား႐ွင္မ်ားလည္း ပါဝင္သည္။
ဝတၳဳထဲတြင္ သူႏွင့္ အမည္ခ်င္းတူသည့္ ခ်ဴးယြင္႐ွီးဟူေသာ ဇာတ္ေကာင္တစ္ခု ပါ႐ွိသည္။ ထိုဇာတ္ေကာင္က အဓိကဇာတ္လိုက္၏ အစ္ကိုျဖစ္ၿပီး ျပန္လည္ေမြးဖြားလာသူ ျဖစ္သည္။ သူသည္ ယခင္ဘဝမွ ညီျဖစ္သူေၾကာင့္ ေသဆုံးသြားခဲ့ရၿပီး ျပန္လည္ေမြးဖြားလာသည့္အခါ လက္စားေခ်ခ်င္စိတ္က ႀကီးစိုးေနခဲ့သည္။ ထို႔ေၾကာင့္ သူက လက္စားေခ်ရန္အတြက္ ႐ူးမိုက္သည့္ အျပဳအမူတို႔တစ္ခုၿပီးတစ္ခု လုပ္ခဲ့ေလသည္။
သို႔ေပမယ့္ သူ႕ညီျဖစ္သူက အျခားကမ႓ာမွ ကူးေျပာင္းလာသူျဖစ္ေနခဲ့ၿပီး ဝတၳဳ၏ အဓိကဇာတ္လိုက္ျဖစ္သည့္အေလ်ာက္ အားေကာင္းလွသည့္ ဇာတ္လိုက္ေရာင္ဝါေၾကာင့္ သူသာလွ်င္ ဒုကၡလွလွေတြ႕ကာ အေသဆိုးႏွင့္ ေသဆုံးခဲ့ရျပန္သည္။
ခ်ဴးယြင္႐ွီးက ဖတ္ရင္းျဖင့္ ဝတၳဳထဲမွ ႏွစ္ဘဝတိုင္တိုင္ ဒုကၡခံကာ အလဟႆ ေသဆုံးခဲ့ရသည့္ ခ်ဴးယြင္႐ွီးဇာတ္ေကာင္အတြက္ ႀကိတ္မႏိုင္ခဲမရျဖစ္ကာ စာေရးဆရာကို ေဆြစဥ္မ်ိဳးဆက္ က်ိန္ဆဲမိေသာေၾကာင့္ ဝတၳဳအတြင္း အ႐ွင္လတ္လတ္ ကူးေျပာင္းသြားခဲ့ရေလသည္။