NWABF-1

10.5K 275 26
                                    

Uni...

"ရားး ရှောင်ကျန့် မင်းဒီနေ့လည်းအိမ်ပြန်မအိပ်ဘူး... မနက်စောစော မင်းကိုမြင်ရတာ ကျက်သရေတုံးတယ်ကွ..."

အိပ်ရာထထချင်း မြင်လိုက်ရတဲ့သူ့ရှေ့ကလူကြောင့် ရိပေါ်ငြီးတွားမိလိုက်တယ်။
​တကယ်ပါ ရှောင်ကျန့်ကသူ့ကုတင်ပေါ်မှာ အိပ်ရတာကို တော်တော်သဘောကျသည်ထင်။

တစ်ပတ်မှာ၆ရက်လောက်က သူနဲ့အတူလာအိပ်နေတာပင်။

"ဘာဖြစ်လဲဝမ်ရိပေါ်ရာ ငါဆက်အိပ်အုန်းမှာ မင်းလက်မောင်းကိုခနငှား..."

သူ့လက်မောင်းကို ခေါင်းအုံးထားပြီး ခါးကိုဖက်ကာ ပြောလာတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ခေါင်းခါလိုက်မိတယ်။

လည်ပင်းနားမှာ တစ်ရှုးရှုးတစ်ရှဲရှဲမြည်သည်အထိ ပြန်အိပ်နေတဲ့ရှောင်ကျန့်ကိုကြည့်ပြီး သူထပ်ဆင့်ပြုံးလိုက်မိပြန်သည်။

ထို့နောက် သူခေါ်ဆောင်တဲ့အတိုင်း သူ့ခြေထောက်တွေဟာ လိမ်လိမ်မာမာနဲ့ရှောင်ကျန့်ရင်ဘတ်ပေါ်ရောက်သည်အထိ ကွေးကျသွားလျက်။

"ဘုန်း!!"

နောက်ဆုံးတော့ သူရဲ့ဆန့်ထုတ်လိုက်တဲ့ခြေထောက်နဲ့အပြိုင် ရှောင်ကျန့်ဟာလည်း ကုတင်ပေါ်ကနေ မရှုနိုင်မကယ်နိုင် ပြုတ်ကျသွားခဲ့လေပြီ။

"ဟား ဟား ဟား ဆိမ့်သွားလား ဖေ့သား..."

"ကျစ် ဝမ်ရိပေါ် မင်းအကျင့်ကိုပြင်လို့မရဘူးလား..."

သူခိုးကလူပြန်ဟစ်နေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်မျက်နှာကို မဲ့ချပြစ်လိုက်တယ်။
ရှောင်ကျန့်သာ သူ့လက်ကိုအုံးမထားရင် သူလည်းကန်စရာမလိုဘူးမဟုတ်လား...

"မင်းလည်း ငါ့လက်ပေါ်ခေါင်းအုံးအိပ်တဲ့အကျင့်ကိုပြင်လေ..."

"မင်းလုပ်တာက အခန့်မသင့်ရင် ငါခါးကျိုးသွားနိုင်တာသိလား..."

"မင်းခေါင်းရဲ့ဖိတဲ့ဒဏ်ကိုခံနေရတဲ့ ငါ့လက်မောင်းက ထုံကျင်နေတယ်ဆိုတာရော သိလား..."

"ဝမ်ရိပေါ် စကားကိုကပ်မပြောစမ်းနဲ့..."

"မင်းကကြမ်းပြင်ပေါ်မှာ ငါကကုတင်ပေါ်မှာလေ ဘယ်တုန်းကကပ်ပြောမိလိုက်လို့လဲ?..."

ɴᴏ!!! 𝚆𝚎 𝚊𝚛𝚎 ʙᴇꜱᴛ ғʀɪᴇɴᴅ [18+] { Completed }Where stories live. Discover now