NWABF 28 (Final)

4K 142 14
                                    

Uni...

"နေ့လည်ကျမှ ထမင်းဗူးလာပို့ရင်းလိုက်ခဲ့မယ်နော် ရှောင်ကျန့်..."

ရိပေါ် မှန်ရှေ့မှာမတ်တပ်ရပ်နေတဲ့ ရှောင်ကျန့်ရဲ့နက်ခ်တိုင်ကို သေချာပြင်ပေးရင်းပြောလိုက်သည်။

သူတို့ရဲ့ဟန်းနီးမွန်းက အလုပ်ကိစ္စပေါ်လာတာကြောင့် သုံးရက်ဖြင့်သာ ပြန်လာခဲ့ရတာဖြစ်သည်။ 

ထိုသုံးရက်အတွင်း တစ်ကြိမ်လောက် snorkelingလုပ်နိုင်ခဲ့လို့ တော်သေး၏။ ဒါတောင် မချိန်မပေးရင် ကွာရှင်းမယ်လို့ပြောတာကြောင့် သူ့ကိုလွှတ်ပေးခဲ့တာဖြစ်သည်။ 

"မင်းကတစ်ခါတည်းမလိုက်ဘူးလား?"

နက်ခ်တိုင်ပြင်ပေးတဲ့ သူ့လက်အပေါ်ကိုထပ်အုပ်ကိုင်ကာ စူပုတ်ပုတ်မေးလာသူက ရှောင်ကျန့်ပင်။

"ငါနောက်မှ အေးဆေးလိုက်ခဲ့မယ်... အစည်းအဝေးရှိတယ်မလား? နောက်ကျနေလိမ့်မယ် သွားနှင့်နော်..."

"ဒါဆို နှုတ်ဆက်အနမ်းရှည်..."

သူ့နှုတ်ခမ်းပေါ် လက်ညိုးနဲ့တို့ကာ ပြောလာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ် ရှောင်ကျန့် နှုတ်ခမ်းပါးတို့ကို အချိန်အတန်ကြာ ဖိကပ်နမ်းစုပ်လိုက်ပြီး လျှာနဲ့ပါ နှုတ်ခမ်းအတွင်းထဲကို ကစားပေးလိုက်သည်။

"အွန့်! ပြွတ်စ်!..."

ရှောင်ကျန့်အကြိုက်က ထူးဆန်း၏။ နှုတ်ခမ်းချင်းထိထားရုံဆို
သူက အနမ်းလို့ မသတ်မှတ်ချေ။ ထိုလိုလျှာတွေပါပြီး သရေကြိုးတန်းတွေကျဆင်းလာမှ အနမ်းလို့သတ်မှတ်တာ ဖြစ်သည်။

ရှောင်ကျန့်နဲ့နေပါများလာတော့ ရိပေါ်ကိုယ်တိုင်ကလည်း ထိုလိုလျှာသုံးပြီးသာနမ်းဖြစ်တော့၏။

"ပြွတ်စ်! ရပြီလား?..."

"အင်း ချစ်တယ်လောင်ဝမ်..."

အောက်နှုတ်ခမ်းကို အသံမြည်သည်အထိဖိစုပ်လိုက်ရင်း အနမ်းရှည်ကိုအဆုံးသတ်ကာ ရိပေါ်မေးလိုက်တော့ ရှောင်ကျန့်က သူ့နဖူးအား ခပ်ဖွဖွ အနမ်းပေးကာ ပြောလာခဲ့သည်။

"ငါလည်း ချစ်တယ်ရှောင်ကျန့်...ကားကိုဂရုစိုက်မောင်းနော် ကားထိလိုက်မပို့တော့ဘူး..."

You've reached the end of published parts.

⏰ Last updated: Dec 26, 2023 ⏰

Add this story to your Library to get notified about new parts!

ɴᴏ!!! 𝚆𝚎 𝚊𝚛𝚎 ʙᴇꜱᴛ ғʀɪᴇɴᴅ [18+] { Completed }Where stories live. Discover now