3

60 6 0
                                    

"သူရဇ္ဇ

"ဗျာ

"ငါ မင်းနဲ့အတူ Gym လိုက်ဆော့ရမလား"

"ဘာလို့လဲ"

"ငါအရမ်းပိန်တယ်လို့မခံစားရဘူးလား။ Weight gain ဖြစ်အောင်လုပ်ကြည့်ရမလားလို့"

"ဒီတိုင်းလည်း ကြည့်ကောင်းပါတယ် ကိုကိုရ"

"မရဘူးကွာ။ လိုက်ဆော့မယ် ပြီးရင် မင်းပဲ ငါ့ကို ဘူလီတာလေ ပိန်တယ် သေးတယ်နဲ့"

"သဘော သဘော မနက်သွားရင်လိုက်ခဲ့ပေါ့"

ကျနော်က Gym မှာ Trainer အဖြစ်လုပ်နေတာမို့ body ကလည်း ကြည့်ကောင်းအောင်လေ့ကျင့်ထားသူ။

ကိုကိုကတော့ အရမ်းပိန်တာမဟုတ်ပေမယ့် အသားကလည်းဖြူလွန်းသူမို့ ပါးပါးလှပ်လှပ်။ခါတိုင်းလည်း သေးတယ် ပိန်တယ်လို့ စနေကျပေမယ့် ဘာစိတ်ကူးပေါက်သွားလဲမသိ။လိုက်ချင်တယ်ဆိုတော့လည်း ခေါ်ရမှာပေါ့။

Gym က စကစားတဲ့သူအတွက်ဆို သုံးလေးရက်လောက် ကြွက်သားတွေနာတတ်တာမို့ ကျနော်တော့ကြိုပြီးနားပူနေပြီဖြစ်သည်။

xxxx xxxx xxxx

"ကိုကို"

"ဟင်"

"Gym လိုက်မယ်ဆို။ ထတော့လေ"

"အင်း အင်း ထပြီ"

အိပ်မှုန်စုံမွှားနဲ့ ထပြီး ရေချိုးခန်းထဲဝင်သွားလေပြီ။

အကုန်ပြင်ဆင်ပြီးနောက် ကိုကိုကတော့ ရိုးရိုးတီရှပ်နဲ့ pant အတိုလေးတထည်သာ ဝတ်လာလေသည်။

"သွားစို့"

Gym ရောက်တော့ ကိုကို့ကို အကြောအရင်လျှော့ခိုင်းပြီး ပေါ့ပေါ့ပါးပါးလေးတွေသာ လုပ်ခိုင်းဖြစ်သည်။

"ကိုကို အရမ်းလေးတာတွေ မ မနဲ့နော်။ပေါ့ပေါ့ပါးပါးလေးတွေပဲအရင်လုပ်"

"အင်းပါ။ မင်းတခြားသူတွေသွားဂရုစိုက်ပေးလိုက်ဦး။ ငါ့နားပဲနေမနေနဲ့။"

"ဟုတ် ကိုကို။စိတ်ချမယ်နော်"

"ငါက ကလေးလား"

"ကလေးထက်ဆိုးတယ်လေ"

ကိုကို့ကို ထားခဲ့ပြီး တခြားသူတွေကို အသေအချာလေး train ပေးနေလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 30, 2023 ⏰

Add this story to your Library to get notified about new parts!

သူနဲ့သာဆိုရင်Where stories live. Discover now