မျက်နှာမကောင်းတဲ့ယူဂျင်းအကြောင်းကိုမေမေကရိပ်စားမိတယ်ထင်ပါရဲ့ "စောစောအိပ်နော်" လို့သာပြောသွားသည်။
ပြောပြလိုက်ချင်တာပေါ့သူဘယ်လောက်ပင်ပန်းနေတဲ့အကြောင်း ဘယ်လောက်တောင်ကိုကိုဆီပြေးသွားပြီးဆွဲထားချင်နေတဲ့အကြောင်းတွေပေါ့...
"မေမေ့သားလေးငိုချင်ရင်ငိုလိုက်လေ ဘာအကြောင်းလဲအမေမသိပေမဲ့ငိုချင်ငိုချလိုက်လို့ရပါတယ်"
မေမေ့စကားကိုကြားတော့ယူဂျင်းမှာ ဟယ်ဂျင်းကိုဖက်ကာငိုတော့သည်။ဒီတစ်ခါမေမေကဘာမှမေးသလိုဆူလဲမဆူခဲ့ပါဘူး ယူဂျင်းခေါင်းလေးကိုဖွဖွလေးပုတ်ပေးကာဖက်ထားပေးခဲ့သည်။
"သားပင်ပန်းနေပြီ"
"မနက်ကျမှမေမေ့ကိုပြောပြလေနော် အခုနောက်ကျနေပြီ ဘာမှမတွေးဘဲအိပ်လိုက်တော့"
"ဟုတ်"
"ဘာဖြစ်ဖြစ်မေမေကသားဘက်မှာရှိတယ်နော်"
အခန်းထဲဝင်ပြီးတံခါးမပိတ်လိုက်ခင်ကြားလိုက်ရတဲ့စကားကယူဂျင်းရင်ကိုနွေးထွေးစေတယ် ။ဒါပေမဲ့အခုချိန်မှာသူ့ကိုဘယ်အရာမှမကယ်နိုင်ဘူးထင်ပါရဲ့ ဂယူဘင်းကလွဲပြီးတော့ပေါ့...
လမ်းခွဲရတဲ့အကြောင်းအရင်းကိုသေချာမရှင်းပြတဲ့ကိုကိုဟာ အရမ်းကိုဆိုးလွမ်းတယ် ။မုန်းပစ်ချင်ပေမဲ့ဘယ်လိုမှမုန်းအရသေးပေ အခုချိန်ပြန်လာပေးပါပြောရင်တောင်ညဘက်ကြီးထပြေးသွားမိမယ်ထင်ပါရဲ့။
များပြားလွန်းတဲ့အတွေးတွေရယ် ခံစားရခက်လွန်းလို့ရယ်ကြောင့်ယူဂျင်းမှာအိပ်ပျော်သွားတော့သည်။
-brush fire
"ယူဂျင်း ဟန်ယူဂျင်း ထတော့လို့"
မနက်ခင်းအစောကြီးအကိုဖြစ်သူလာနှိုးနေတာကြောင့်ယူဂျင်းမှာကြောင်တောင်တောင်ပင်။
"အိပ်ဦးမယ်"
"အိပ်မနေနဲ့တော့ ဂယူဘင်းကမြို့ကိုပြန်တော့မယ်တဲ့"
"ဟမ်"
"ဘာမှ ဟမ် မနေနဲ့ နောက်ဆုံးတစ်ခေါက်ဖြစ်ဖြစ်သွားတွေ့လိုက်"
YOU ARE READING
𝖡𝗋𝗎𝗌𝗁 𝖥𝗂𝗋𝖾(𝖦𝗒𝗎𝗃𝗂𝗇)
Fanfictionဒါကအဆုံးသတ်ဆိုရင် အကိုဆိုးဆိုးဝါးဝါး မခံစားနေရဖို့ မျှော်လင့်ပါတယ်......