Part 15

22 2 0
                                    

Unicode

လွန်ခဲ့သောနှစ်ပေါင်း ငါးထောင် ခန့်​က
မိုး နဲ့ မြေ စတင်ဖြစ်ပေါ်ကာစ ဘုံသုံးဘုံ ဟူ၍
ခွဲခြားထားခြင်းမရှိခင်ကာလ
နတ် မိစ္ဆာ လူ မျိုးနွယ်စု သုံးစုလုံး သင့်မြတ်စွာနေ
ထိုင်စဥ်အချိန်ပေါ့
လောဘကြောင့်ဖြစ်ပေါ်လာတဲ့ အမိုက်အမှောင်
တရားက အေးချမ်းနေစွာနေထိုင်နေကြတဲ့
မျိုးနွယ်စုတွေကို ဒုက္ခပေးတော့တယ်

အချင်းချင်းသွေးကွဲကုန်ပြီး သတ်ဖြတ်ကုန်ကျတယ်
များစွာသော မျိုးနွယ်စု ဝင်တွေရဲ့အသက်ကို
ပေးဆပ်ခဲ့ရတယ်
မျိုးနွယ်စု သုံးစုလုံးမှာအနည်းငယ်သာ အသက်ရှင်
ကျန်ရစ်တယ်
ဒါကြောင့် ဒဏ္ဍာရီလာ နတ်ဘုရား တွေ ကဘုံသုံးဘုံ
ဆိုပြီး မျိုးနွယ်စု သုံးစုကိုပိုင်းခြားပစ်လိုက်တယ်

ပထမဆုံး အနေနဲ့ ကောင်းကင်ဘုံ ကိုဖန်ဆင်းလိုက်
တယ်
နတ်အမျိုးအနွယ်ဝင် တွေဟာ အထက်ကောင်းကင်
မှာနေထိုင်ခွင့်ရခဲ့တယ်
ကိုယ်ပိုင် စွမ်းအား ကိုလည်းအသုံးချနိုင်ခွင့်ပြုခဲ့တယ်
နတ်မင်း နတ်မိမယ် နတ်သား နတ်သမီး နတ်သူငယ်
ဆိုပြီး အဆင့်ဆင့်ပိုင်းခြားထားတယ်

ဒုတိယ အနေနဲ့ မြေအောက်ဘုံ ကိုဖန်ဆင်းတယ်
နတ်ဆိုး အမျိုးအနွယ်ဝင် တွေဟာ မြေအောက်ကမ္ဘာ
မှာနေထိုင်ရတယ်
သူတို့ကိုလည်း ကိုယ်ပိုင်စွမ်းအားများကိုအသုံးပြု
ခွင့်ပေးခဲ့တယ်
နတ်ဆိုး အဆင့်(၁) အဆင့် (၂) အဆင့် (၃) အဆင့်(၄) အနိမ့်ဆုံး အဆင့် (၅) ဆိုပြီး အဆင့်ဆင့်
ခွဲထားတယ်

မျိုးနွယ်စု နှစ်စုလုံးမှာတူညီသည့်အချက်က မိမိအဆင့်အလိုက် စွမ်းအားများကိုပိုင်ဆိုင်ခွင့်ရပြီး
အဆင့်နိမ့်သူကမြင့်သူကို ရိုသေကာခိုင်းတာကို
လုပ်ရတယ်
အဆင့်ချင်းတူရင်တော့ အချင်းချင်း လေးစားရတယ်
ကောင်းကင်ဘုံ တွင် ကောင်းကင်ဘုံမင်းကြီး က
အဆင့်အမြင့်ဆုံးနဲ့ စွမ်းအားအကြီးဆုံးဖြစ်တယ်

(မွေးကတည်းက ကောင်းကင်ဘုံမင်းကြီး ဖြစ်ဖို့ကံပါ
လာသူ တာဝန်ပေးခြင်းခံရသူ)
မြေအောက်ဘုံ မှာတော့ မြေအောက်ဘုံအရှင်သခင်
(မိစ္ဆာဘုရင်) ကအဆင့်အမြင့်ဆုံးနဲ့ စွမ်းအားအကြီး
ဆုံးဖြစ်တယ်
(မွေးကတည်းက မြေအောက်ဘုံအရှင်သခင် ဖြစ်ဖို့
ကံပါလာသူ တာဝန်ပေးခြင်းခံရသူ)

You've reached the end of published parts.

⏰ Last updated: Jul 29 ⏰

Add this story to your Library to get notified about new parts!

Home (Forever)Where stories live. Discover now