P.3

583 36 1
                                    

LISA'S POV"

ကုမ္မဏီ အတွင်းပိုင်းက ထင်ထားတာထက်ကို ခမ်းနားပြီး ကျယ်ပါတယ် ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းကတော့ အရပ်ရှည်တဲ့ ကောင်လေးနှစ်ယောက်ကို လိုက်ခိုင်းလို့ လိုက်သွားနေတာပါ တကယ်တော့ ကျွန်မက ထင်ထားဝာာထက်ကို စိတ်လှုပ်ရှားနေတယ် ကျွန်မ စိတ်ဝင်စားနေတဲ့ အမျိုးသမီး စီကို သွားနေတာ ဆိုတော့... တကယ်ကို ထူးခြားတဲ့ စိတ်ခံစားချက်ပါဘဲ

-------------------------

"ရောက်ပြီလား.."

"ဒီအခန်းထဲမှာ မဒမ်ရှိတယ် မင်းတို့ကို တွေ့ချင်နေတာ.."

"အဲ့တာဆိုလည်း ဖွင့်ပေးတော့လေ"

သူတို့ အခန်းဖွင့်ပေး လိုက် တော့ အထဲမှာ ပြုံးပြုံး လေး စောင့်နေတဲ့ jennie ကို တွေ့လိုက် ရတယ်

အရင် ဆုံး ပြန်ပြုံးပြသူ က Lalisa ပေါ့ ( အရမ်းဘဲနော် )

"ဒီမှာ ထိုင်လေ ရပ်မနေနဲ့.."

"ဟုတ်!"

ဒီလိုနဲ့ Jennie ထိုင်ခိုင်းတဲ့ နေရာမှာ lisa ထိုင်ပြီး rose ကတော့ ဘေးနားမှာ ထိုင်တာပေါ့ ခုံက ဆိုဖာခုံ ဖြစ်နေတော့ ထိုင်လို့ကောင်းနေတာ

"ဒီ ခုံက ထိုင်လို့ကောင်းလိုက်တာ.."

"ဆိုဖာ မို့လို့ နူးညံ့နေတာပါ.. ဒါနဲ့ အဲ့နေ့‌တုံးက ပြန်ပြုံးပြတဲ့ ကောင်မလေး မှလား.."

"အမ်.. ဟုတ်ပါတယ်.."

"ပြန်ပြုံးပြတာလေးက ချစ်စရာလေးနော်.." ( မဆင့်‌တို့ လုပ်ပြီ )

"ကျေးဇူးပါရှင့်..jennie"

"ငါမင်းတို့လေးတွေထက် အသက်ပို ကြီးမှာပါနော်.."

"ဟုတ်ကဲ့ ကျွန်မ‌တို့က 19 နှစ်ပါ"

"အဲ့တာဆို အစ်မက 23 နှစ်.."

"တောင်းပန်ပါတယ် နာမည်တပ်ခေါ်မိလို့ ရိုင်းသွားသလား..ရှင့်"

"မရိုင်းပါဘူးနော်..သဘောကျတယ် ဒါမဲ့ နာမည်တပ်မခေါ်ပါနဲ့ နေရ ခက်လို့ပါ ရင်း"နှီး" အစ်မ လို့ဘဲ ခေါ်ပါလား.."

"အဲ့တာက.. ခုမှတွေ့တာဆိုတော့... နည်း" ရင်းနှီး လွန်နေသလားလို့"

"Cute sugar mommy" Where stories live. Discover now