😈Unicode😈

1.8K 115 24
                                    


"ဒဏ်ရာက
သွေးပိုစိမ့်လာတယ် Boss
အနီးဆုံးဆေးရုံသွားရအောင်"

"မောင်း"

လက်မောင်းရင်းမှ ဖိကိုင်ထားသော်လည်း Kim ၏ လက်ချောင်းများကြားမှ နီရဲစေးပျစ်သော သွေးတို့က ပို၍ စိမ့်ကျလာသယောင်ထင်ရ၏။

Michel ၏ အကြံအား အစောကထဲက သူရိပ်မိခဲ့၍သာ။ ဤကဲ့သို့ ဉာဏ်နီဉာဏ်နက်များနေကြလူမို့ သတိထားခဲ့တာတောင် သေနတ်ဒဏ်ရာက လက်မောင်းရင်း၌ ရှပ်ထိသွားသေး၏။

"​ေ-ာက်ဇယား ရှုပ်နေလိမ့်မယ်
VIP ခန်း တန်းယူလိုက်"

"ဟုတ်ကဲ့ Boss"

ဆေးရုံဝင်းတွင်း အနက်ရောင် ပြိုင်ကားတစ်စီး ဝင်လာပြီး
ခနအကြာတွင် လုံခြုံရေးဝန်ထမ်း
၂၀ ကျော်ခန့်က VIP ခန်းရှေ့၌ နေရာအပြည့်ယူထားကြ၏။
မူးယစ်ရာဇာကြီးKimTae ၏
အရှိန်အဝါ သြဇာက ဤမျှကြီးသည်။

"ရှပ်ထိရုံပဲမို့ ချုပ်လိုက်ရင် ရပါပြီ"

"ထုံဆေးမပေးနဲ့
ကျုပ်ကို ဒီတိုင်းချုပ်ပေး"

ခပ်မာမာအမိန့်ပေးသံကြောင့်
ဝါရင့်ဆရာဝန်ကြီး၏ လက်က အနည်းငယ် တုန်ယင်သွားလေသည်။

"ဒဏ်ရာကို ရေမထိပါစေနဲ့
ခနလောက်အနားယူလိုက်ပါ"

အခန်းတွင်းလူများထွက်သွားပြီးနောက် Kim ရေချိုးခန်းတွင်း ဝင်လာလိုက်သည်။ တစ်နေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ဖြစ်နေပြီ ။
လည်ပင်းတစ်ဝိုက်မှ ပေကျံနေသော စေးကပ်ကပ်သွေးစ
များအား ပွတ်သပ်လိုက်ရင်း ရေပန်းအား ဖွင့်ချလိုက်သည်။

VIP ခန်းမို့ ရေချိုးခန်း အိမ်သာများက ဇိမ်ခံ Hotel များကဲ့သို့ပင်။

မျက်နှာအား ခပ်မြန်မြန်ပွတ်သပ်
ဆေးကြောလိုက်ရင်း မှန်ရှေ့ရပ်လိုက်တော့
မြင်ကွင်းထဲဝင်လာသည်က
ဖြူဥသော ခြေချောင်းလေးတွေ။
ဖြူလွန်း၍ ခြေချောင်း အဆစ်လေးများ ၊ ခြေမျက်စိတို့က နီရဲ၍ပင်နေ၏။

မှန်ထဲမှ မယုံနိုင်စရာ မြင်ကွင်းကြောင့်
သူနောက်ဘက်သို့အမြန်လှည့်လိုက်တော့ Kim ၏ မျက်လုံးအစုံတို့ ပြူးကျယ်သွားရသည်။

HIDDEN / VminWhere stories live. Discover now