🍓16🍓

3.7K 205 68
                                    

#Unicode

ပထမဆုံး လူကြီးအိမ်က ပစ္စည်းကိုဖျက်စီးမိတာ
‌ပြတင်းပေါက်မှန်တင်ကွဲသွားတာမဟုတ် TVပါ ကွဲသွားခြင်း
ဘာဖြစ်ဖြစ်ပါလေ နောက်တစ်ခါ ဖျက်စီးဖို့အစရသွားတာပေါ့ နော့် ...။
park အိမ်တော်မှာဆို TVအပျက်နဲ့တင် Company တစ်ခုထောင်လို့ရနေပြီး ။
Namjoon hyung ကတော့ပြောမနေပါနဲ့တော့ TVနဲ့ 6ပေလောက်အကွာမှာရှိနေရင်တောင်အဲ့TV ကွဲသည် ။ Suga hyung က သူအိပ်နေတာ သားသွားရှုပ်လို့စိတ်ဆိုးပြီး လိမ္မော်သီးထည့်ထားတဲ့ပန်းကန်နဲ့အမြဲကောက်ပေါက်သည်မို့ တီဗီကိုသွားမှန်ပြီးကွဲသွားလိုက် ။ လိမ္မော်သီးကတော့ သူ့အသက်မို့ ပစ်တိုင်းတစ်ခါမှ မပါ ပါ ။ သားက Namjoon hyung ထက်တော့မဆိုးသေးပါဘူး TVက သားဘာသာနေနေတာတောင်ခလုတ်လာလာတိုက်နေတာလေ ....။

Hope hyung ကတော့ ကပ်စီးကုပ်မို့
ပစ္စည်းတွေပျက်စီးရင် သူမကြိုက်ပါ ။

အခုကိစ္စမှာ ဟိုစတော်ဘယ်ရီသီးကောင်သာ လာလုရင် အဲ့လိုမဖြစ်ဘူး ။ သူရောပါတာမို့ အေးဆေးပါ နှစ်ယောက်လုံးဆူခံထိမှာလေ တစ်ယောက်ထဲမှမဟုတ်ဘဲ့ ။

အခုတော့ ဧည့်ခန်းထဲမှာ hope hyung အမိန့်နဲ့ဒူးထောက်နေရပြီးလေ ။
အဲ့လူကြီးလဲ မကောင်းဘူး ဘာမှလဲဝင်မပြောဘူး ဘယ်ကတည်းက ဒူးထောက်ခိုင်းချင်နေလဲမသိဘူး ။

"‌မင်းသာ လာလုရင် ဖြစ်မှာမဟုတ်ဘူး "

"မင်းကဘာလို့မျက်စိမှိတ်ပြီးကန်လဲ "

"စမ်းကြည့်‌တာလေ "

"ကွဲပြီးမလား..."

"မင်းကြောင့် အင့်ဟာ"

"ငါ့ကိုလာရိုက်မနေနဲ့ !! မင်းအပြစ် ငါ့မှာအပြစ်မရှိဘူး
ငါနဲ့အလွတ်ကြီး "

"မင်းမှာအပြစ်ရှိလို့ hyung ကဒူးထောက်ခိုင်းထားတာပေါ့
ဘာမှလွတ်မနေနဲ့ ရှင်းလား "

''ရားးး!!ဖက်ထုပ်ကောင်"

"မအော်နဲ့!!"

"ဘာလို့အော်နေကြတာလဲ ‌
ကောင်းကောင်းထောက်ထားအဲ့ဒူးကို"

"ကိုကို !!"

ထယ် ဆောင့်ဆောင့်အောင့်အောင့်အော်လိုက်တော့ လူကို
တစ်ချက်သာကြည့်လာခဲ့ပြီးအကြည့်လွှဲသွားခဲ့သည်
စိတ်တိုဖို့ကောင်းလိုက်တာ!!

🍓ကလေးဆိုးလေး🍓(Ongoing)Where stories live. Discover now