လေးစားမြတ်နိုးမိပါသော အကို့ရဲ့လွင်

89 5 10
                                    

ယူနီကုဒ်

"တကယ်လို့   လွင့်ကို ရွေးချယ်ချင်ရင် ကိုကြီး လွင်ရှိတဲ့ဆီကို   ကိုကြီး မွေးနေ့ အမှီလာခဲ့"

"တကယ်လို့   မလာရင်ရော "

"မလာရင်  တစ်သတ်လုံး ဝေးပြီ "

from ဘယ်ရီခင်းထဲက မျက်ရည်တစ်စက် ညနေ။

ရီဗျူးး>>>>>(စာအရှည်ကြီး ၊ ရေးရင်း မျက်ရည်ကျမိလေရဲ့ )

ထပ်ဖြည့် -ဒီရီဗျူးကို ရေးတဲ့ချိန်က 2022 ဧပရယ် တစ်ရက်နေ့ကရယ်  ခုမှ တင်ဖြစ်တာ။

မန္တလေးတိုင်း ဒေသကြီးထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ မိုးကုတ်ဆိုတဲ့ နယ်မြို့လေးမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးပေါ့ ။ 

စာဖတ်သူအနေနဲ့  ပြောရရင်  အပြင်မှာ တည်ရှိနေတဲ့  နယ်မြို့တွေ ၊  ရပ်ရွာတွေကို  အခြေခံထားတဲ့ဟာဆို ဖတ်ရတာ  ပို နှစ်ခြိုက်တယ်။

ဆိုရင်ဖြင့်  ကိုယ်ကလည်း  မိုးကုတ်သူမို့ ဒီဇာတ်အိမ်ကို ဖတ်တဲ့အခါ  ကိုယ်  မူလတန်း ၊ အလယ်တန်း နှစ်က အချိန်တွေကို  ပြန်ရောက်သွားသလို ခံစားမိတာတော့ အမှန်ပဲ။

မိုးကုတ်မြို့က အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး  နှစ်ပိုင်းခွဲထားပါလျက်နဲ့  စာရေးသူက  ကိုယ်နေထိုင်တဲ့  အနောက်ပိုင်းကို အခြေတည်လိုက်တော့ အီမိုရှင်က ပိုပြီး  အစပ်အဟပ် မိတယ်ပြောရမယ်><

မိုးကုတ်က ပတ္တမြားထွက်တဲ့ မြေဆိုပြီး အများစုက သိထားကြတယ်။ မိုးကုတ်မြို့ရဲ့ အေးချမ်းမှုနဲ့  လှပတဲ့ နေရာတွေအကြောင်း ၊ ဓလေ့ ဟင်းမယ်တွေ အကြောင်း သိထားတော့ ပို မကောင်းဘူးလား။

ဆိုတော့ ဒီဇာတ်လမ်းကို  ဖတ်သင့်ပါတယ်။ စာရေးသူက အီမိုရှင်  စုံအောင် ပုံဖော်ထားတာမို့  မဖတ်ရင် နှမြောစရာ သိပ်ကာင်းတာမို့  လုံးဝကို  ဖတ်သင့်ပါတယ်။ ဗဟုသုတလည်း  တကယ်ကို  စုံပြီး တစ်ခါတည်း မိုးကုတ်မြို့လေးကိုပါ လာလည်ချင်စိတ် ပေါက်သွားမယ်နော်><

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ကိုယ့်ရဲ့ လွင်ပြင်အေးဆိုတဲ့  ကောင်လေးပေါ့ ။ သိပ်ကို  သန်မာတဲ့ ယောကျာ်းသား ။

ငပျင်းကောင်ရဲ့ ရီဗျူးအတိုအထွာလေးများWhere stories live. Discover now