ယူနီကုဒ်
"တကယ်လို့ လွင့်ကို ရွေးချယ်ချင်ရင် ကိုကြီး လွင်ရှိတဲ့ဆီကို ကိုကြီး မွေးနေ့ အမှီလာခဲ့"
"တကယ်လို့ မလာရင်ရော "
"မလာရင် တစ်သတ်လုံး ဝေးပြီ "
from ဘယ်ရီခင်းထဲက မျက်ရည်တစ်စက် ညနေ။
ရီဗျူးး>>>>>(စာအရှည်ကြီး ၊ ရေးရင်း မျက်ရည်ကျမိလေရဲ့ )
ထပ်ဖြည့် -ဒီရီဗျူးကို ရေးတဲ့ချိန်က 2022 ဧပရယ် တစ်ရက်နေ့ကရယ် ခုမှ တင်ဖြစ်တာ။
မန္တလေးတိုင်း ဒေသကြီးထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ မိုးကုတ်ဆိုတဲ့ နယ်မြို့လေးမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးပေါ့ ။
စာဖတ်သူအနေနဲ့ ပြောရရင် အပြင်မှာ တည်ရှိနေတဲ့ နယ်မြို့တွေ ၊ ရပ်ရွာတွေကို အခြေခံထားတဲ့ဟာဆို ဖတ်ရတာ ပို နှစ်ခြိုက်တယ်။
ဆိုရင်ဖြင့် ကိုယ်ကလည်း မိုးကုတ်သူမို့ ဒီဇာတ်အိမ်ကို ဖတ်တဲ့အခါ ကိုယ် မူလတန်း ၊ အလယ်တန်း နှစ်က အချိန်တွေကို ပြန်ရောက်သွားသလို ခံစားမိတာတော့ အမှန်ပဲ။
မိုးကုတ်မြို့က အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားပါလျက်နဲ့ စာရေးသူက ကိုယ်နေထိုင်တဲ့ အနောက်ပိုင်းကို အခြေတည်လိုက်တော့ အီမိုရှင်က ပိုပြီး အစပ်အဟပ် မိတယ်ပြောရမယ်><
မိုးကုတ်က ပတ္တမြားထွက်တဲ့ မြေဆိုပြီး အများစုက သိထားကြတယ်။ မိုးကုတ်မြို့ရဲ့ အေးချမ်းမှုနဲ့ လှပတဲ့ နေရာတွေအကြောင်း ၊ ဓလေ့ ဟင်းမယ်တွေ အကြောင်း သိထားတော့ ပို မကောင်းဘူးလား။
ဆိုတော့ ဒီဇာတ်လမ်းကို ဖတ်သင့်ပါတယ်။ စာရေးသူက အီမိုရှင် စုံအောင် ပုံဖော်ထားတာမို့ မဖတ်ရင် နှမြောစရာ သိပ်ကာင်းတာမို့ လုံးဝကို ဖတ်သင့်ပါတယ်။ ဗဟုသုတလည်း တကယ်ကို စုံပြီး တစ်ခါတည်း မိုးကုတ်မြို့လေးကိုပါ လာလည်ချင်စိတ် ပေါက်သွားမယ်နော်><
ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ကိုယ့်ရဲ့ လွင်ပြင်အေးဆိုတဲ့ ကောင်လေးပေါ့ ။ သိပ်ကို သန်မာတဲ့ ယောကျာ်းသား ။
YOU ARE READING
ငပျင်းကောင်ရဲ့ ရီဗျူးအတိုအထွာလေးများ
Fantasyငပျင်းကောင်ကရီဗျူးရေးဖို့ဆုံဖြတ်လိုက်တယ်။ cover from Pinterest