ချစ်၍ရွာသောမိုးတွေ☔....3အပိုင်း-၃
တင်ဇော်လတ်ဆိုတာအိမ်သူ့ဘကြီးရဲ့သားလေ..
အဖေ့အစ်ကိုကြီးပေါ့။အဖေဆုံးတော့အမေ့ကိုဘကြီးနဲ့ယူစေချင်ကြပေမယ့်၊ အမေကမယူလို့ဘကြီးလည်းတခြားလူနဲ့ယူပြီးတင်ဇော်လတ်ကိုမွေးတယ်။
အိမ်သူ့ထက်သူကနှစ်နှစ်ကျော်ငယ်ပေမယ့်ငယ်ငယ်ကကျောင်းအတူတူပဲမို့၊ကစားဖော်ကစားဖက်တွေ.. အစ်မရယ်လို့မဟုတ်ပဲသူ့သူငယ်ချင်းလို့ထင်
နေရှာတာ။ဂီကတော့သူ့ကိုလုံးဝအရောမဝင်ဘူး..
" အငယ်ဖြစ်ပြီးအကြီးကိုအကြီးမှန်းမသိဘူး
နင်အဲ့ကောင်လေးနဲ့ကြည့်ကြပ်ပေါင်းစောက်ကျင့်ကဘာမှန်းမသိဘူး..
ကြီးလာရင်သူ့အဖေလိုအရက်သမားဖြစ်မယ့်ကောင်" တဲ့။
ဂီကအလိုလိုနေရင်းဘကြီးကော၊တင်ဇော်လတ်ကို
ကောမုန်းနေတာဖြစ်သည်။ဒီကောင်ကလည်းတစ်ဦးတည်းသောသားဆိုတော့
အိမ်သူကိုအရမ်းခင်ရှာပြီး၊ငယ်ငယ်ကဆိုကစားဖို့
အိမ်လာလာခေါ်ရတာအမော...
ဂီကတော့သူမခေါ်ခင်မျက်နှာထားအရင်တင်းထား
လို့ဂီ့ကိုတော့ကြောက်တယ်မခေါ်ရဲဘူး။ဖြစ်ချင်တော့ဒီကောင်ကလည်းဆယ်တန်းမအောင်၊
ကြီးကောင်ဝင်လာတော့ခဏခဏရန်ဖြစ်လို့ကျောင်းထွက်လိုက်ရတယ်။
အိမ်သူကလည်း၃ခါဖြေတာတောင်မအောင်တော့..
ကိုယ်တို့နှစ်ယောက်ကိုပုလင်းတူဘူးဆို့တွေဟုသတ်မှတ်ပြီး..ဂီကော၊ရွှေရည်၊ငွေရည်ကောကနှာခေါင်းရှုံ့ကြသည်။
ထားလိုက်ပါတော့....ဒီနေ့တော့ဈေးပိတ်ရက်မို့အိမ်သူအိမ်မှာနားရတယ်။လပြည့်လကွယ်နဲ့တရားဝင်ပိတ်ရက်ကြီးတွေမှ
ဈေးကလည်းပိတ်တာကြောင့်အဲ့လိုနေ့မျိုးမှသာနား
ရတာဖြစ်သည်။ဇူလိုင်လမို့နေ့ခင်းဘက်မှာမိုးကအုံ့တုံ့တုံ့လေးနဲ့မို့
ဝတ္တုစာအုပ်ဖတ်ပြီးဇိပ်ယူလို့ကောင်းနေတုန်းအိမ်
ကိုတင်ဇော်လတ်တစ်ကောင်ရောက်လာပြီး...
" မသူ ဘာလုပ်နေတာလဲ..."
" ဘာမှမလုပ်ဘူး ဟ...နင်ဘာလာလုပ်တာလဲ.."
" ငါကရွှေကျေးဂူအောင်းလို့ နင့်ကိုမုန့်ဝယ်ကျွေးမလို့..."
" အံမယ် နင်ဘောပွဲနိုင်တယ်ပေါ့.."
" အေး မုန့်တီသောက်မလား..ငါတွေ့ခဲ့တယ်
ဟိုလမ်းထိပ်ကအန်တီကြီးထွက်တယ်..."
" အပြင်ထွက်ရမှာတော့နည်းနည်းပျင်းတယ်.."
![](https://img.wattpad.com/cover/345154709-288-k759549.jpg)
YOU ARE READING
ချစ်၍ရွာသောမိုးတွေ☔
General Fiction"အိမ်သူလို့ပဲခေါ်မယ်နော် ကျွန်တော့်အိမ်သူဖြစ်လာအောင်လို့" ဉာဏ်ကျယ်နဲ့အိမ်သူဟာ၁၅နှစ်သက်တမ်းရှိတဲ့အိမ်ထောင်ဖက်တွေဖြစ်ပါတယ်။ သူတို့ရဲ့၁၅နှစ်တာအိမ်ထောင်ရေးအကြောင်း