1

268 29 0
                                    

Night Club တစ်ခုထဲ ကျယ်လောင်လောင်သီချင်းသံနဲ့အတူ မူးရူးကခုန်နေကြတဲ့လူတွေကြား မီးရောင်စုံတွေကမရပ်မနားဖျက်ဖျက်ခါနေတယ်။

လူတွေကြားထဲအတင်းတိုးရင်း အရက်ခုံရှိရာဆီတည့်တည့်မတ်မတ်လျှောက်လာတဲ့သူ။

*တီ...

သားရေဘောင်းဘီအိတ်ကပ်ထဲက အဆက်မပြတ်တုန်ခါနေတဲ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ Miss call‌ notiတွေကတောက်လျှောက်။

ကျစ်! ဂင်မ်ဆောနူ အမြဲတမ်းကိုအာရုံစိုက်ခံ‌ချင်နေတာပဲ .

အတူလာခဲ့တဲ့သူငယ်ချင်းတွေကိုပစ်ပြီး club ထဲကနေအပြေးထွက်ခဲ့ရင်းက ဖုန်းစခရင်ပေါ်က contact လေးကို မကိုင်မချင်းနှိပ်တယ်။

"ဟယ်...လို"

ဖုန်းထဲကြား‌လိုက်ရတဲ့ တဖက်ကအသံကမူးတူးတူး။

"ဘယ်မှာလဲ"

"နီခီ အရူးကောင်!ငါ့ဖုန်းကိုဘာလို့မကိုင်တာလဲ"

"‌သောက်ပိုတွေမပြောနဲ့ အခုဘယ်မှာလဲလို့!!"

အမြဲလုပ်နေကျအတိုင်းတစ်ချက်ဟောက်ထည့်လိုက်တော့ တစ်ဖက်ကတိတ်သွားတဲ့အသံကြောင့် စိတ်ကသိပ်မရှည်ပြန်။

"ဂင်မ်ဆောနူ မင်း..."

*တီ....

ကျသွားတဲ့ဖုန်းဆီကနေ တအောင့်လောက်ကြာတော့ လိပ်စာတစ်ခု massage ဝင်လာတယ်။
နီခီ ဒီအတိုင်းရပ်မနေတော့ဘဲ ကြုံရာ taxiနဲ့လိုက်စီးရင်း ဆောနူပို့ခဲ့တဲ့လိပ်စာအတိုင်း secret barကိုသွားတယ်။

ကိစ္စကြီးကြီးမားမားမဟုတ်ပါပဲနဲ့ ဖုန်းထဲကမူးနေတဲ့အသံလေးကြားလိုက်ရတာနဲ့ကို တားမနိုင်တဲ့စိတ်တွေကဂနာမငြိမ်‌တော့ဘူး။ဒီလိုပဲ ဂင်မ်ဆောနူနဲ့ပတ်သက်လာရင် သူ့စိတ်တွေအမြဲရှုပ်ထွေးနေရတော့တာ။
.
.
ခွက်ထဲကအရက်ကို တစ်ငုံပြည့်ပြည့်သောက်ပစ်လိုက်တော့ ရှုံ့သွားတဲ့မျက်နှာက ထပ်ပြီးဒီပြင်းရှရှအရည်တွေကို အစာအိမ်ထဲမဝင်စေချင်တော့ကြောင်းဖော်ပြနေတယ်။

လာကောလာပါ့မလား နီခီကငါခေါ်တိုင်းလာမယ့်ကောင်မှမဟုတ်တာပဲ .

ခွက်ကို မ,လိုက်ရင်းက ခါးသက်သက်အရက်ကိုမော့ဖို့ပြင်တော့ ရုတ်တရက်ဖြတ်လုခံလိုက်ရတဲ့အရက်ခွက်ကလေးက မျှော်နေရသူလက်ထဲမော့သောက်ခံလိုက်ရတယ်။

CLOUD // SUNKIWhere stories live. Discover now