4

153 21 2
                                    

ကျစ်!!ဆေးရုံအနံ့ကြီး မုန်းလိုက်တာ...

ကိုယ်တောင်မသိလိုက်ခင်မထိန်းချုပ်နိုင်တဲ့မျက်နှာထားကို သူ့အရှေ့မှာဖော်ပြမိသွားလောက်တယ်။
ရှီး...မသိတော့ဘူးကွာ ဒီသောက်ကျိုးနည်းအနံ့ကြီးကြောင့်!

"ဘယ်သူကဆွဲထားလို့လဲ သွားချင်သွားလေ"

ရန်လုပ်သလိုပုံစံမျိုးမတွေ့ရပေမယ့် လေသံကအနည်းငယ်မာဆက်နေတယ်။
ကိုယ်ကျောင်းတောင်မသွားဘဲ သူ့အနားမှာရှိနေပေးတာကို ဘာလဲ အဲ့ဒီအရေးမစိုက်တဲ့ပုံစံက .

"ဟို လူနာဂင်မ်ဆောနူရှီး ဆေးရုံဆင်းလို့ရပါပြီနော်"

ဆေးထိုးအပ်ဖြုတ်ပေးဖို့ဝင်လာတဲ့သူနာပြုမလေးကြောင့် သူကံကောင်းသွားတယ်။မဟုတ်ရင် အဲ့ဒီမျက်နှာဘေးကိုကြည့်ရင်း အကန်တွေချည်းပြောမိတော့မှာ .
.
.
"ခနစောင့်! တက်စီငှားလိုက်မယ်"

"မင်းပဲသွားလိုက်တော့ ငါဘတ်စ်ကားနဲ့သွားမှာ"

ဆေးရုံထဲမှာကောအခုကော ကိုယ့်ကိုအလကားနေရင်းတမင်ရှောင်နေသလိုခံစားမိနေတယ်...
အရင်ကနဲ့မတူတဲ့မျက်နှာထားကိုကြည့်လိုက်တာနဲ့ အတင်းလုပ်ယူနေမှန်းမသိဘူးများထင်နေတာလား ဂင်မ်ဆောနူ...
ငါကောင်းကောင်းသိတဲ့အဲ့ဒီမျက်လုံးညိုတွေက နဂိုတိုင်းမပြောင်းလဲသေးဘူး‌ဆိုတာ လာလိမ်လို့မရဘူး.

"အတူတူသွားမယ်"

ကိုယ်ကပဲသူ့ခြေလှမ်းတွေနဲ့လိုက်ညှိပြီး လက်ကောက်ဝတ်ကနေတဆင့်လက်တွေကို ဖျက်ကနဲဆုပ်ကိုင်ရင်း ခြေလှမ်းတွေကိုမြန်ပစ်လိုက်တယ်။ကိုယ်တမင်လှည့်မကြည့်တဲ့ သူ့ရဲ့ခပ်‌လေးလေးပုံစံကို ဘေးမြင်ကွင်းကနေမြင်နေရရင်းက...
သူ့အနေနဲ့တော့ ထပ်ပြီးတဇွတ်ထိုးဆန်တဲ့နီခီပဲပေါ့...

နှစ်ယောက်သားအတူထွက်သွားကြတဲ့ကျောပြင်နှစ်ခုကို လမ်းရဲ့တစ်ဖက်မှာရပ်ကြည့်နေတဲ့ခြေတစ်စုံရှိနေတယ်။ပြေးလာခဲ့တာကြောင့် အမောမပြေသေး‌ပေမယ့် ထပ်ပြီးတော့ပြေးထွက်ချင်နေတဲ့စိတ်တွေ...

ဟျောင်း...ဒီတစ်ခါလည်းကျွန်တော်ကနောက်ကျသွားပြန်ပြီလား .

You've reached the end of published parts.

⏰ Last updated: Nov 04, 2023 ⏰

Add this story to your Library to get notified about new parts!

CLOUD // SUNKIWhere stories live. Discover now