The corner of the umbrella
အဲ့ဒီနေ့ဟာ အုံ့မှိုင်းမှိုင်းဓာတ်ငွေ့ ငွေ့နဲ့။ ခပ်မှိုင်းမှိုင်းရာသီဥတုကို သူဟာသဘောကျတယ်။ သူ့ဘေးနားမှာရှိတဲ့ မာလ်ဘိုရိုတစ်လိပ်နဲ့ အဲ့ဒီလူဟာ ရှင်သန်ခြင်းကို ခံစားမိစေတဲ့ တစ်ခုတည်းသောအရာပဲဖြစ်တယ်။ စိုက်ကြည့်မိတဲ့ ထိုအမျိုးသားငယ်ရဲ့ ရပ်ဝန်းမှာ ခပ်မှိုင်းမှိုင်းအရောင်တွေသာလျင် အုံ့စိုင်းတယ်။ တဖြည်းဖြည်းလှည့်ကြည့်လာတဲ့ သေသေသပ်သပ် ပုံဖော်ထားတဲ့ အဲ့ဒီပုံရိပ်ဟာ ဘယ်ဘက်ကရပ်ဝန်းကို မပြောင်းမလဲ တဒုတ်ဒုတ်ရင်ခုန်နှုန်း မြင့်စေတုန်းပဲ။ ညိုမှိုင်းမှိုင်းမျက်ဝန်းအစုံကို သူဟာတမြတ်တနိုးပါပဲ။ စွဲလမ်းလိုက်ရတာလေ။ အဲ့ဒီလူကတော့ဖြင့် စွဲလမ်းမှုတွေအကြောင်းပြောရင် ရယ်သွမ်းသွေးတတ်ေလတယ်။ ပြာရင့်ရင့်ဆံနွယ်တွေဟာ သူတစ်သက်လုံးသိမ်းထားချင်မိတဲ့ ပုံရိပ်တွေပဲ။
"ဘာတွေများ အဲ့လောက်အကြာကြီး စိုက်ကြည့်နေတာလဲ။"
အဲ့ဒီလူဟာ လက်ထဲက စီးကရက်တိုတိုကို လေသာဆောင်ရဲ့ လက်ရန်းဘောင်မှာ ဖိချေလိုက်ရင်း တိုးဖွဖွဆိုတယ်။ သူငေးမိတာ အဲ့လောက်များကြာသွားသလား။ သူ့အဖြေက သူခိုးလူမိသလို အင်း အဲ ကနေမတက်တော့တဲ့အခါ အဲ့ဒီလူဟာ ပြာရင့်ရင့်ဆံနွယ်တွေ ခပ်ခါခါဖြစ်တဲ့အထိ ရယ်မောတယ်။ ဩရှရှရယ်မောသံဟာ ဘယ်ဘက်ရပ်ဝန်းတင်မက သူ့တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေအထိပါ ခလုတ်ထိ စူးငြိသလိုမျိုး လှုပ်လှုပ်ရှားရှားဖြစ်စေတယ်။ သူဟာ ဝဲကျသွားတဲ့ ပြာရင့်ရင့် ဆံချည်တစ်မျှင်ရဲ့ လှုပ်ရှားမှုကိုအဆုံး အလွတ်မှတ်မိနေချင်တဲ့အထိပဲ။
"မင်းတကယ်ကို ချစ်စရာကောင်းတာပဲ။"
မကြုံဖူး၊ မကြားဖူးတဲ့ စကားလုံးခပ်ဆန်းဆန်းရယ်။ အဲ့ဒီနောက် သူ့ရဲ့အပြာနုရောင်အပြည့်နဲ့ခေါင်းဟာ ပိုင်စိုးပိုင်နင်းနဲ့ ဆွဲဖွခြင်းခံရတယ်။ အခုအချိန် သူ့စိတ်ထဲမှာ ပျံ့လွင့်နေတဲ့ အရာဟာ "ချွဲယောန်ဂျွန်ကြောင့် ရူးရပါတော့မယ်၊ ချွဲယောန်ဂျွန်ကြောင့်ရူးရပါတော့မယ်"ဆိုတဲ့ ထပ်ခါထပ်ခါအသံတွေပဲဖြစ်တယ်။
YOU ARE READING
| Strange Addiction |
Romanceဒီတင်္ဒဂမှာ ဒီခံစားချက်ကို ဒီလူနဲ့ တစ်သက်လုံး... မဟုတ်ဘူး သံသရာဆိုတဲ့ ဝေါဟာရအထိ သူဟာဆွဲခေါ်သွားချင်မိခဲ့တယ်။