Episode -1

377 19 0
                                    

သာမန်လူတန်းစားတွေရဲ့ အချိန်တစ်ခုဖြစ်တဲ့  အလုပ်ချိန် အင်းအလုပ်ချိန်ဆိုလို့ တစ်ချို့ကတော့ ကိုယ်ပိုင်စီးပွားရေး ၊ တစ်ချို့ကတော့ ဆရာဝန် ၊ သူနာပြု ၊ တစ်ချို့ကတော့ အင်ဂျင်နီယာ ၊ ကျောင်းဆရာ / မ အစရှိတဲ့ လုပ်ငန်းခွင်တွေမှာ သူ့အတွက်ရိုးရိုးတန်းတန်း company ဝန်ထမ်းတစ်ဦးသာပေါ့ ။ သူ့လိုမျိုးအခြားသော အလုပ်အကိုင်တွေအများကြီး လုပ်ကြတဲ့‌သူတွေလည်း ရှိပါ‌တယ် ။

"ဟူး တော်သေးတယ် မဟုတ်လို့ကတော့ ကားလွတ်ပြီးငါတော့ အလုပ်‌ေနာက်ကျလို့ ဒဏ်ငွေဆောင်ရကိန်းရှိတယ်‌ "

လို့တစ်ခွန်းသာပြောပြီး နားထဲနားကြပ်ထည့်ကာ အလုပ်ကိုတန်းရောက်သည့် Busကားအား စောင့်နေရသည့်ပေါ့။  ဆောင်းတွင်းဆိုတော့ အေးတော့
မနက်ပိုင်းကို ကားစီးရတာလူသိပ်မရှိ‌ေတာ့ ကားချောင်တယ်လေ ။ အင်းတစ်ချို့ကတော့ အလုပ်ကိုအနောက်ကျခံပြီး ဒဏ်ငွေကိုတမင်တစ်ကာ ဆောင်ပြီးမှ့ လာကြတဲ့သူတွေလည်း ရှိတယ်‌လေ ။ သို့ပေမဲ့သူသည်တော့  အဲ့လိုမဟုတ်ဘူး ။

"ကဲကားလည်းလာပြီဆိုတော့ Lets go "

ဆိုပြီးပြောရင်း မတ်တပ်ရပ်လိုက်ပြီး စီးနေကျ
ကားက အနားမှာလာရပ်တော့မှ့

"ဝေ့လူလေး ဒီနေ့စောလှကြီးလားကွ "

လို့မေးတော့ သူသည်လည်း

"စောရမယ်လေ ဦးလေးကြီးရယ် မဟုတ်လို့ကတော့ ဒဏ်ငွေဆောင်ရတာနဲ့တင် လူကမွဲပြာတော့မယ် "

လို့စနောက်ရင်း ကားနဲ့လိုက်ပါသွားလေ၏။ 
သိပ်မကြာပါသူ့ရဲ့ companyကို ရောက်လာပြီး

"ကဲဦးလေးကြီး ကောင်းသောနေ့လေးဖြစ်ပါစေနော် ကျွန်တော်သွားပြီဗျို့ "

ဆိုပြီးပြောရင်းနဲ့ သူလည်းကားပေါ်ကဆင်းကာ အလုပ်ထဲသို့ ဝင်သွားလေ၏။

"အဲ မန်နေဂျာကြီး ဒီနေ့စောတယ်နော် ဘာလည်းဒဏ်ငွေဆောင်ရမှာ ဆိုးလို့လား "

လို့မေးတဲ့ စာရင်းကိုင်ကြောင့် သူလည်း

"ဟုတ်တယ် ‌ေစာတယ်ဒါနဲ့ စာရင်းကိုင်တွေရဲ့ အလုပ်ချိန်က 7ခွဲမှ့ မဟုတ်ဘူးလား အစောကြီး
ဘာလာလုပ်တာလည်း သိတဲ့အတိုင်း ငွေကိုင်တွေဘက်မှာ ညီမကစာရင်းကိုင်လုပ်ရတော့ တစ်ခုခုဆိုရင် မကောင်းဘူးနော် "

My Crush Is My Boyfriend  ( Complete )Where stories live. Discover now