Part 2

107 10 1
                                    

Hyunjin's Pov ;

ကျွန်တော်မလိုက်ချင်လို့ မလိုက်သွားတာဘဲလေ။ ဘာလို့စိတ်ထဲတစ်မျိုးကြီး ဖြစ်နေပြန်တာလဲ ?

ဘာဖြစ်နေလဲ ရေရေရာရာလည်းမသိဘူး .. ဒါပေမဲ့ မုန့်လုစားခံလိုက်ရသလို ခံစားချက်မျိုး။ အခြေအနေက ပူစပ်ပူ‌လောင်နဲ့ spicy ခေါက်ဆွဲနဲ့လည်းတူတယ်။ အဲ့တာက ထလို့မရ၊ ထိုင်လို့မရ၊ ဘယ်သူ့မှလည်း သွားတိုင်လို့မရလေ .. သိတယ်မလား ။

“huhhh ပျင်းတယ် .. ”

သက်ပြင်းတွေလည်း ချရလွန်းလို့ အားတောင်မရှိတော့ဘူး။ ကြည့်လက်စ drama ကလည်း စိတ်ဝင်စားဖို့မကောင်းတော့ဘူး။

“ဘာလုပ်ရမလဲ ..?”

အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲနေရင်း မျက်နှာကြက်ကိုသာ ငေးစိုက်ကြည့်မိနေတယ်။ တကယ်ကို ပျင်းရိရတဲ့ခံစားချက်က မချိသာဘူး။ ခြောက်ကပ်ကပ်နိုင်လွန်းတယ် ။

“ငါဘာလုပ်သင့်လဲ ?”

“အဟက် ‌~ ”

တွေးတောနေရင်း ရုတ်တရက်အကြံရသွားတော့ ကျွန်တော်လှဲနေရာက ကောက်ထိုင်လိုက်တယ်။

“ဒီလိုအချိန်မျိုးဆို ကိုယ့်မျက်နှာကိုယ် ထိုင်ကြည့်နေလိုက်တာ အကောင်းဆုံးပေါ့ ! ဟဟ (whistle ~~~)”

“Hyunnie ရာ ဘာလို့ ဒီလောက်ထိ smart ဖြစ်ရတာလဲ good boy ~ ! ”

ကျွန်တော် tiktok app ထဲကို ဝင်လိုက်တယ်။

search bar မှာ 'Hashtag Hyunjin' [#hyunjin] လို့ ရိုက်လိုက်မယ်ဆိုရင် .....,

“ဟော .. ကျလာပါပြီ၊ ထောင်သောင်းမက video edit တွေ .. အဟက် ~ ကြည့်ကြတာပေါ့”

.

.

“အမယ် .. ငါတော်တော် hot”

အောက်တစ်ခုကို ထပ်ဆွဲတင်လိုက်တယ်။

“အချောလေး .. အချောလေး ! ”

“အလှလေးဘဲ whaoo .. Hwang Hyunjin !! ..မင်းက‌တော့ တကယ်ပါဘဲ .. ဘာတွေစားပြီးများ မွေးဖွားလာလို့ .. ”

ကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်မိရင်း edit တွေ တစ်ခုပြီးတစ်ခုကိုဆက်တိုက်ကြည့်နေမိတယ်။ 

“ငါဘယ်‌လောက်ကြည့်ကောင်းတယ်ထားဦး .. STAY တို့ရဲ့ edit skill တွေကလည်း သေလောက်တယ် .. တကယ်ဘဲ ပါးစပ်တောင်မစိနိုင်တော့ဘူး”

ShipsWhere stories live. Discover now