Ep-12(uni+Zg)🌼

1.6K 164 20
                                    

12

Jiminသည် Jungkookထွက်သွားပြီးနောက် ဆေးရုံသို့သွားရန်ပြင်ဆင်ပြီး အိမ်မှထွက်လာခဲ့လိုက်သည်။ ဆေးရုံသို့ရောက်သောအခါ ခါတိုင်းလိုပင် စာအုပ်ထပ်ကာ သူ၏အလှည့်အားစောင့်နေလိုက်သည်။ ၁၅မိနစ်အကြာတွင်သူ၏အလှည့်ရောက်လာသဖြင့် ကောင်တာမှစာအုပ်အားယူကာ ဒုတိယထပ်သို့တတ်လာခဲ့ပြီး ဒေါက်တာမင်ဂျီအွန်း၏အခန်းထဲသို့တံခါး ခေါက်၍ဝင်သွားလေသည်။ အခန်းထဲသို့ရောက်သောအခါ

"တတိယအ​ကြိမ်တွေ့ဆုံခြင်းပဲ Jiminshii"

ဒေါက်တာမင်ဂျီအွန်း သည် နွေးထွေးစွာပြုံးပြကာ နှုတ်ဆက်သည်။ Jiminသည်လည်း ပြန်လည်ပြုံးပြလိုက်ကာ သူမရှေ့ရှိခုံတွင်ဝင်ထိုင်လိုက်သည်။ထိုအခါသူမက

"ကဲ......ပြောပါဦး ဒီ၃ရက်ထဲမှာရော ခံစားချက်ကဘယ်လိုနေလဲ....."

"ကျနော်ပျော်တယ်......ညကလည်း မောင်နဲ့.....အယ်"

Jiminသည်ပါးစပ်မှလွှတ်ခနဲမောင်ဟုထွက်သွားသဖြင့် ဒေါက်တာမင်ဂျီအွန်းက

"ရတယ် ရတယ် Jiminshii အဆင်ပြေသလိုပြောပါ"

Jiminက ခေါင်းညိတ်ပြကာ

"ညကလည်း.....ကျနော် မောင်နဲ့အတူအိပ်ယာဝင်ခဲ့တယ်......မနက်ကျတော့လည်း စကားမများဖြစ်ပဲ မနက်စာအတူတူစားခဲ့တယ်......အရင်ရက်တွေကလည်း နည်းနည်းကတောက်ကဆ ဖြစ်သွားပင်မယ့်  ........ခံစားချက်ကတော့ နေလို့ကောင်းပါတယ်....."

ဒေါက်တာမင်ဂျီအွန်း သည် ဆေးမှတ်တမ်း၌ Jiminပြောသမျှအား ချရေးနေပြီးနောက်

"အခုကျမ ပြောတာကို Jiminshiiသေချာလေးနားထောင်ပေးစေချင်တယ်"

"ဟုတ်ကဲ့....."

ဒေါက်တာမင်ဂျီအွန်း က လက်ထဲမှ ဆေးမှတ်တမ်းအား စားပွဲပေါ်တင်လိုက်ကာ သူ၏ခန္ဓာကိုယ်အား ရှေ့နည်းနည်းကိုင်းလိုက်၍

"Jiminshiiက စိတ်ကျရောဂါဖြစ်နေတာမဟုတ်ပါဘူး......စိတ်ပင်ပန်းနေတာပါ.....ပြောရမယ်ဆိုရင် ကျမအထင် Jiminshiiက အတွေးလွန်သမားဖြစ်မယ်လို့ကျမထင်တယ်......ကျမတို့အခုသုံးကြိမ်မြောက်ဆွေးနွေးခဲ့တဲ့အခါမှာ ကျမသိလိုက်ရတာက....Jiminshii ရဲ့ စိတ်ခံစားချက် ပျော်ရွှင်တယ် မပျော်ရွှင်ဘူး....ကောင်းတယ်...မကောင်းဘူး ဆိုတာက Jiminshiiရဲ့ အမျိုးသားပေါ်မှာမူတည်နေပါတယ်......Jiminshiiရဲ့အမျိုးသားနဲ့အဆင်ပြေနေတယ်ဆိုရင် Jiminshiiရဲ့ စိတ်ခံစားချက်ကလည်းကောင်းမွန်နေမယ်.....အမျိုးသားဖြစ်သူနဲ့အဆင်မပြေဘူးဆိုရင် Jiminshiiရဲ့စိတ်ခံစားချက်ကလည်း မကောင်းတော့ဘူး.....ကျမပြောတာမှန်လား...."

While We're Young Dumb(Completed 🌼)Where stories live. Discover now