"အန်တီ......အွတ့်!!...ပြွတ်စ်!! ပြွတ်စ်!!...."
"အရေးကြီးကိစ္စနဲ့ ဥက္ကဌခေါ်နေတယ် မြန်မြန်လာခဲ့ပါ..."ဆိုသည့် အလုပ်ထဲမှအကိုရဲ့စကားကြောင့် မထပ်ရသေးသောfileအားအသဲအသန်ယူကာ အခန်းထဲအပြေးလာပြီး စားပွဲရှေ့ရပ်မိရုံရှိသေး ရင်ခွင်ထဲသိမ်းကျုံးပွေ့ဖက်ကာ လွှာ့ နှုတ်ခမ်းနှစ်လွှာကို မွတ်သိပ်စွာ နမ်းရှိုက်လာတဲ့ လွှာ့ရဲ့ အန်တီ.......။
တဖြေးဖြေးအသက်ရှူကြပ်လာတာကြောင့် ရင်ဘတ်ကိုအတင်းတွန်းကာ ရုန်းမိတော့....."ဘဲပေါက်စ ငြိမ်ငြိမ်နေကွာ........
တို့ ပင်ပန်းလာတယ်"ခပ်ရှရှအသံနွေးနွေးနှင့် ထိုသို့ပြောကာ
နမ်းရှိုက်နေသည်အား ခဏရပ်လိုက်သည်မို့
လွှာ အမြန်ပင်လေကို ဝ အောင်ရူသွင်းရသည်။"အန်တီ ပင်ပန်းလာတာနဲ့ လွှာ့ကို....လွှာ့ကို ဒီလိုအတင်းနမ်းရှိုက်တာက ဆိုင်လို့လား??..."
စူအောင့်အောင့်အသံနှင့်ပြောလိုက်ကာ
မော့ကြည့်မိတော့ သူမကို အုပ်မိုးကြည့်နေတဲ့
မျက်ဝန်းပြာလဲ့လဲ့တွေနှင့် ဆုံသည်။အကြည့်ချင်းမဆုံနိုင်လောက်အောင် စူးလွန်းနေသည်မို့
ခေါင်းကို အသာပြန်ငုံလိုက်ရသည်။"ဆိုင်တာပေါ့.......တို့ ပင်ပန်းလာတယ်လေ
ဆိုလိုတာကcharge downနေတယ်.....
ဒါပေမယ့် ဘဲပေါက်စက energyတွေပြည့်ဝ
နေတယ်မဟုတ်လား.......အဲ့ဒီ့တော့
energyပြည့်ဝနေတဲ့ ဘဲပေါက်စရဲ့နှုတ်ခမ်းတွေစီကနေ energy တွေစုပ်ယူပြီး
chargeပြန်သွင်းနေတာလေ......""ဟာ.....အန်တီနော်!!...."
"အဲ့ဒီ့တော့ ငြိမ်ငြိမ်နေစမ်း.....ဘဲပေါက်စရယ်"
စိတ်မရှည်သလိုလေသံပြတ်ပြတ်နောက် တစ်ဖန်စတင်လာသော အန်တီ့စီမှ အနမ်းရှည်တွေအား
သူမ အသက်ရှူကြပ်လာပြန်သည်အထိခံယူရသည်။အန်တီဟာ တစ်ကယ်ဆိုးပါသည်။
ဘယ်လောက်ဆိုးသလဲဆိုတာ ပြောပြရင်ကုန်မယ်မထင်။သူမကို ခေါ်တာဘဲကြည့်
"ဘဲပေါက်စ"တဲ့...။လွှာ ကရုပ်ဆိုးနေလို့ ခေါ်တာဆိုရင်လက်ခံသေးတယ်။အခုဟာက သူငယ်ချင်းတွေက ကော်ပတ်ရုပ်လို့ ခေါ်ကြသည်အထိ သူမကချစ်ဖို့ကောင်းလွန်းသည်ကို။
❣❣........❣❣........❣❣..........❣❣
အမြဲ မြန်မာဝတ်စုံတွေအား ရောင်စုံဝတ်တတ်ပြီး
ကျက်သရေရှိရှိနေတတ်တဲ့ အမျိုးသမီးကြီး ၊
နှုတ်ခမ်းနီရဲရဲဆိုးလေ့ရှိပြီး
မာန်ပါပါပြုံးတတ်သည့် အမျိုးသမီးကြီး ၊
ပြီးတော့ လွှာ နှစ်သက်သည့် မျက်ဝန်းပြာပြာတွေအား ပိုင်ဆိုင်ထားသည့်
"ဒေါ်ဟန်သက်လျာချို"ဆိုတဲ့ လွှာ့ရဲ့အန်တီဟာ
လွှာ အလုပ်လုပ်နေသည့် Brightအလှကုန်ထုတ်လုပ်ရေးcompanyကchairwomanပါ။
YOU ARE READING
💗အန်တီ ဆိုးတဲ့အကြောင်း💗(Age gap)(One short)
Fantasyချိုချိုမြမြနဲ့(age gap)လေးရမယ်😁