3

988 91 6
                                    

Unicode
.
.
.

"Sean"

"အင်း ရောက်ပြီလား"

"ဟုတ်ကဲ့"

"သွားကြမယ်"

ရှေ့ကနေခြေလှမ်းကြဲတွေနဲ့သွားနေတဲ့ Sean ကို စစ်ကျွေးနားမလည်တော့ဘူး။Sean ကအခုဘာလုပ်ဖို့ကြိုးစားနေတာလဲ တကယ့်ရည်ရွယ်ချက်ကဘာလဲ?

"အဲ့ကောင်တွေကိုနှိုးလိုက်"

Sean ရဲ့ အမိန့်ပေးသံအောက်မှာ ရေလောင်းခံလိုက်ရတဲ့ လူသုံးယောက်

Sean တပည့်တွေကိုခုံတစ်လုံးယူခိုင်းလိုက်ပြီး ထိုသုံးယောက်ရှေ့မှာထိုင်လိုက်ကာ

"ပြော မင်းတို့ leoကိုထိရတဲ့အကြောင်းအရင်း"

Sean ရဲ့အမေးကိုမသိချင်ယောင်ဆောင်ကာ ပြန်မဖြေတဲ့သူတွေကြောင့် Sean တစ်ချက်ပြုံးလိုက်သည်။Sean ချထားတဲ့ခြေနှစ်ချောင်းပေါ်လက်နှစ်ဖက်ထောက်ကာ ထိုလက်အပေါ်မှာပဲမေးစေ့တင်လိုက်ပြီး ရှေ့ကသုံးယောက်ကို တစ်ယောက်ချင်းစီဝေ့ကြည့်လိုက်သည်။

"စစ်ကျွေး"

"ပြောပါSean"

"သူတို့နားရွက်ကိုဖြတ်လိုက်"

"ဟုတ်ကဲ့"

Sean ရဲ့အမိန့်ပေးသံအဆုံး စင်ဘေးမှာတင်ထားတဲ့ဓားသွားများထဲမှ အပါးဆုံးဓားတစ်ချောင်းကိုယူပြီး ထိုသုံးယောက်ရဲ့နားရွက်ကိုဖြတ်လိုက်တော့ နာကျင်စွာအော်ဟစ်လာတဲ့သူများ

"အားးးးးး"

ထိုသူတွေကအော်ဟစ်လာပေမယ့်လည်း ထုတ်ပြောခြင်းတော့မရှိ။Sean ကတော့အေးအေးလူလူပဲထိုင်ခုံနောက်မှီကို မှီပြီး မှိန်းနေလိုက်သည်။ထိုသူတွေရဲ့အော်ဟစ်သံကို Seanကတော့ကြားတဲ့ပုံတောင်မရ။

"ပြီးသွားပါပြီ"

"အင်း"

စစ်ကျွေးရဲ့လာပြောသံအဆုံး ပွင့်ဟလာတဲ့မျက်ဝန်းတစ်စုံက အစောကလိုကြည်လင်မနေတော့။ခက်ထန်မှု၊အေးစက်မှု၊သတ်ဖြတ်လိုမှုတွေပါဝင်နေတဲ့မျက်ဝန်းနဲ့အတူ ပြုံးယောင်ယောင်နှုတ်ခမ်းပါးများပါ ကပ်ပါလာလေသည်။

Sean ရဲ့ချိုသာသောအပြုံးကြောင့် စစ်ကျွေးတော့ဒူးတုန်နေပြီ။ထိုသုံးယောက်မကြာခင် ငရဲထက်ဆိုးတဲ့အရာကိုကြုံတွေ့ရတော့မှာ။

Spy with Mafia Where stories live. Discover now