(season -2)(episode -7)

399 42 1
                                    

ကျွန်တော့်အမယောကျာ်း💞
အတွဲ(၂)အပိုင်း(၇)

Jk-မင်းကငါသေသွားတယ်လို့သတင်းကြားပြီးတာတောင်ငါ့အတွက်၏ျာပနအခမ်းအနားမကျင်းပပေးတဲ့အပြင်နောက်ထပ်ယောကျာ်းတစ်ယောက်ကိုတောင်အိမ်ပေါ်ခေါ်တင်ပေးပြီးအိမ်အကူအဒေါ်ကြီးကိုပါအလုပ်ထုတ်လိုက်တယ်မင်းကတကယ်ကြောက်စရာကောင်းတဲ့မိန်းမပါလားSoomin...

ဂျောင်ကုအိမ်ကြီးရဲ့ဧည့်ခန်းမှာမျက်နှာစုံညီထိုင်နေကြတဲ့သူတို့....

Soomin-ရှင်ဒါတမင်လုပ်တာမလားကျွန်မကိုဒီအိမ်ကနေကန်ချပြီးဟိုငပျော့ကောင်ထယ်ယောင်းကိုအိမ်ပေါ်ခေါ်တင်ထားချင်လို့အခုလိုတွေလုပ်တာမလား...

အရှေ့မှာထိုင်နေပြီးသွေးပျက်နေတဲ့အမဖြစ်သူကိုကြည့်ပြီးထယ်မျက်ရည်ကျနေမိသည်။အမဖြစ်သူကတော့သူ့ကိုတွယ်တာမှုဆိုတဲ့မောင်နှမသံယောဌဉ်မရှိပေမယ့်ထယ်ကတော့သူ့ကိုအမတစ်ယောက်လိုသဘောထားတာမို့ဒီအချိန်မှာစိတ်ထိခိုက်ခံရသည်ကားkim Taehyung ပင်ဖြစ်လိမ့်မည်။

Jk-အဲ့တာမင်းနဲ့မဆိုင်ပါဘူးဒါကငါ့ရဲ့လုပ်ပိုင်ခွင့်ဖြစ်သလိုငါရဲ့ဆုံးဖြတ်ချက်အမှန်ဆိုလည်းမမှားဘူး

ထိုအပြောကိုနားမလည်တဲ့အမဖြစ်သူကမျက်မှောင်တစ်ချက်ကျုံ့ကာဂျောင်ကုကိုကြည့်ရင်း

SM-ဆုံးဖြတ်ချက်အမှန်အဲ့တာဘာကိုပြောတာလဲ..

JK-ခနနေရင်းငါ့ရဲ့ကိုယ်ပိုင်ရှေ့နေလာလိမ့်မယ်ကွာရှင်းစာချုပ်မှာမင်းလက်မှတ်ထိုးပြီးမင်းဒီအိမ်ကနေထွက်သွားလ်ုက်တော့

သူမရူးမတက်ဖြစ်သွားကာဆိုဖာပေါ်ကနေဆင်းချလာပြီးရှေ့ကဂျောင်ကုဆီဒူးထောက်သွားကာဂျောင်ကုရဲ့ခြေသလုံးကိုဖက်လိုက်ပြီး

SM-ကျေးဇူးပြုပြီး...ဟင့်ကျွန်မကိုခွင့်လွှတ်ပေးပါနော်အကို...သမီးလေးရဲ့မျက်နှာကိုထောက်ထားပြီးဒီအပြစ်ကိုကျော်သွားပေးပါနော်ဟင့်..ကျွန်မ‌တကယ်တောင်းပန်ပ်တယ်။

ဖက်ထားတဲ့ခြေသလုံးကနေဆွဲဖယ်လိုက်တာမို့နောက်သို့လဲကျသွားသော်လည်းခြေထောက်ကိုပြန်ဖက်ကာင်ုယိုနေတဲ့သူမ

My Sister's Husband (Season -2)Where stories live. Discover now