' ချစ်တယ် မမ အချစ်တွေကိုလက်ခံပေးမလားဟင် '
' ကလေးငယ်ရယ် ကလေးမချစ်ခင်ကတည်းကတို့ကချစ်နေမိသူပါ...'
နှုတ်ခမ်းချင်းထိတွေ့မှုဟာနှလုံးသားနဲ့သွေးသားတစ်ခုလုံးကိုပူထူစွာလှိုက်ဖိုစေသည် ဒါဟာထိုလူသားနှစ်ဦးရဲ့အချစ်တွေပင် အချစ်ရဲ့အပြုအမူလေးတွေ လူဆိုးနဲ့လက်နက်ခွဲထားလို့မရသလိုဘဲ မမနဲ့ကလေးငယ်ဟာလည်းဝေးလို့မရပေ ။
ဒိုင်း...ဒိုင်း...ဒိုင်း
' ချမ်းသာပေးပါ....မသတ်ပါနဲ့...'
ထိုရုရှားလူမျိုးဟာအသေအကြေတောင်းပန်နေသည် သွေးတွေဖြင့်သူ့တစ်ကိုယ်လုံးရစရာပင်မရှိတော့...။
' မေးနေတယ်လေဘယ်သူခိုင်းတာလည်းလို့....'
ရုရှားလိုမေးနေတဲ့မိန်းကလေးဟာဘေးမှာလူတွေသေနေတာတောင်သိပ်သွေးအေးလွန်းသည် အင်းလေအကုန်လုံးကိုသူဘဲသတ်ထားတာကို။
' ကိုရီးယား...ဘက်ကလို့ကြားပါတယ်...'
ထိုလူဆံပင်ကိုဆွဲကာနားထင်ကိုသေနတ်နဲ့ချိန်လိုက်သည်။
' မာနီရာဆိုတဲ့လူဘဲသိပါတယ်..သူကတဆင့်ခိုင်းတာပါ...'
' အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းဆိုပေမယ့် မင်းတို့အသက်တွေအကုန်လုံးကပေးဖို့ထိုက်တန်ပါတယ်'
ပြောရင်းထိုမိန်းကလေးမျက်ဝန်း မျက်ရည်ကြည်တွေလဲ့တက်လာသည် ။
' ဘာလို့ဆို ပေးဆပ်လိုက်ရတဲ့အသက်ကအလဲထိုးလို့မရအောင်တန်ဖိုးကြီးလို့လေ ငါ့နှယ်...သက်ဦးဆံပိုင်စနစ်တောင်မကျင့်သုံးနိုင်တော့ဘူး....'
' အသက်ရှင်ခွင့်....'
ဒိုင်း.......
သွေးစတွေဟာမျက်နှာကိုစင်လာတော့ ထိုမိန်းကလေးမျက်နှာမှာခနဲ့ပြုံးတစ်ခုပေါ်ပေါက်လာသည် နောက်တော့သူ့အိပ်ကပ်ထဲကဆေးလိပ်ကိုယူကာမီးညှိနေပြီးသူ့နှုတ်ခမ်းဖျားကတဆင့်အဆုတ်ထိရောက်အောင်အငွေ့တွေကိုရှိုက်ယူလိုက်ပုံမှာသိပါကြည့်ကောင်းလှသည်။
' ငါကထိုက်တန်တဲ့နာကျင်မှုနဲ့အသက်တွေကိုရအောင်ယူမှာမို့...စောင့်နေစမ်းပါ '
# I think you all will like this FIC.
#သီတင်းကျွတ်လက်ဆောင်လေးပါနော် သီတင်းကျွတ်ညမှာပထမဆုံးupdateလုပ်ပါ့မယ် ။
YOU ARE READING
Manobal's Story
ActionIt is an autocratic system that must pay back for every loss.... #Lalisa Manobal { She is a girl but not a 'GIRL❗' }