1

945 73 10
                                    

' လိုက်ဖမ်းလေ....'

' မ မပြေးနဲ့လေ....'

' မရဘူးလိုက်ဖမ်း....'

ပန်းခင်းကြီးထဲမှာပြေးနေတဲ့ကောင်မလေးနောက်ကိုပြေးလိုက်နေတဲ့ယောကျာ်းလေးဆန်ပြီးခဲဖျော့ရောင်ဆံပင်ကိုပိုင်ဆိုင်ထားတဲ့မိန်းကလေးတစ်ယောက်။

' မောင် '

' ပြောလေ မ '

' ဒီတစ်ခေါက်တာဝန်တွေပြီးရင် နှစ်ယောက်တစ်ဘဝတည်ထောင်ရအောင် '

' တကယ် '

ခဲဖျော့ရောင်ဆံပင်နဲ့ကောင်မလေးဟာရင်ခွင်ထဲကကောင်မလေးအပြောကြောင့်သွားလေးတွေအစီအရီပေါ်လာသည်အထိပြုံးလိုက်သည်။

' မ မောင့်ကိုညာဖူးလို့လား '

' မမ ကိုယုံတယ်လေ '

' ချစ်တယ်မောင် '

' အတူတူဘဲချစ်တာထက်ပိုတယ် မမ '

နှုတ်ခမ်းသားတွေထိကပ်နမ်းပြီးတဲ့အခါမှာ တခြားမြင်ကွင်းတစ်ခုဟာအစားထိုးဝင်ရောက်လာသည်။

ဒိုင်းးးးဒုန်းးးဒုန်းးးး

' ဟင့်အင်း မဖြစ်ရဘူး..အားးး '

သွေးအိုင်ထဲမှာလဲနေတဲ့လူတွေအများကြီးကြားမှာ ခဲဖျော့ရောင်ဆံပင်ပိုင်ရှင်ကောင်မလေးဟာမကောင်းဆိုးဝါးအသွင် ဒေါသထွက်ကာ မျက်နှာနုနုဟာပေနေတဲ့သွေးတွေနဲ့နေသားတကျ...။
___________________________________

အိမ်မက်မက်နေရာကနေ လီဆာလန့်နိုးလာခဲ့သည် တစ်ကိုယ်လုံးမှာလည်းဇောချွေးတွေဖြင့်ပေါ့ ဘေးကနာရီကိုကြည့်တော့အချိန်ဟာမနက်2နာရီပင်...။

လီဆာ သူ့လက်မှာပတ်ထားတဲ့လက်ပတ်ကိုကြည့်ကာမျက်ရည်ကျနေမိသည်...။

' အချစ်...ဘယ်ရောက်နေလည်း '

ပြတင်းပေါက်အပြင်ကိုကြည့်ကာ စိတ်ကိုအားတင်းနေမိသည်။

' ဘာမှစိတ်မပူပါနဲ့ သေချာပေါက်အကုန်လုံးကိုအပစ်ပေးပြီး အပစ်ကြွေးဆပ်ခိုင်းမှာမို့အချစ်ကကောင်းမွန်တဲ့တစ်နေရာကနေစောင့်ကြည့်နေပေးပါ '

သက်ပျင်းချကာကုတင်ပေါ်ပြန်လှဲချလိုက်ပြီး မျက်လုံးတွေကိုအတင်းမှိတ်ကာအိပ်ပျော်အောင်ကြိုးစားလိုက်သည်။

Manobal's StoryWhere stories live. Discover now