SBNOASG

69K 344 19
                                    

"ငါနဲ့အိပ်မလား "

"ခင်များ ဘာဖြစ်နေတာလဲ မူးနေပြီလား "

မေတို့အိမ်အပေါ်ဆုံးထပ်က mini cinema အခန်းထဲတွင် ရုပ်ရှင်ကြည့်နေကြရင်း ဝသုန်မောင်က ရုတ်တရက်မေးလာသောကြောင့် ရှိတ် ကျောပြင်တို့မတ်သွားရကာ မောင့်ကို အူကြောင်ကြောင်နဲ့ မေးလိုက်မိသည်။

သူတို့ရှေ့က စားပွဲပေါ်တွင်လည်း ဘီယာဘူးတစ်ချို့ရှိနေပြီး မောင့်လက်ထဲက သောက်လက်စဘီယာဘူးကိုကြည့်၍ မူးနေတာလားလို့ ရှိတ် မမေးပဲမနေနိုင်။

"ငါနဲ့အိပ်မလားလို့ ပြောနေတာ"

မောင်က သူခြုံထားသော စောင်ပါးပါးလေးအောက်ကနေ ခြေထောက်သွယ်လျလျလေးတစ်ဖက်ကို ရှိတ်ရဲ့စောင်အတွင်းသို့ ကူးပြောင်းကာ ရှိတ်ရဲ့ပေါင်တွေကို သူ့ခြေထောက်လေးနဲ့ အစုန်အဆန်ပွတ်သပ်ရင်းထပ်မေးလာသည်။

"ဝသုန်မောင် ခင်များ အသဲကွဲနေပြန်ပြီလား"

"ဟွန့်"

မောင်က သူ့ခြေထောက်လေးကိုပြန်ရုတ်သွားကာ ဆူပုတ်ပုတ်လေးနဲ့ ရုပ်ရှင်ပြန်ကြည့်နေတော့သည်။

"ခင်များ..."

"ရှိတ် မေ့ကိုလာသယ်ကူပါအုံး"

ရှိတ် မောင့်ကိုစကားစပြောဖို့ကြံရွယ်လိုက်သော်လည်း မေကတံခါးဖွင့်ဝင်လာရင်း ခေါ်နေတာမို့ အမြန်ထသွားလိုက်ရသည်။

"အစကတည်းက ကိုယ်သွားယူပေးမယ်လို့ပြောသားပဲ မေရယ်"

မေ့လက်ထဲမှ ဆိတ်ခြောက်ထောင်းဘူးရယ် soju ပုလင်းတွေကိုခွဲသယ်ကူလိုက်သည်။

"ရပါတယ် ရှိတ်ရဲ့ မေကအခန်းထဲသွားရင်းနဲ့ ဆင်းယူခဲ့တာပါဆို"

မေ့အခန်းက ဒုတိယထပ်မှာဖြစ်ပြီး mini cinema ကတော့ စတုတ္ထထပ်မှာရှိတာဖြစ်သည်။

ပုလင်းတွေကိုစားပွဲပေါ်ချပြီးတော့ ကြိုးတစ်ချောင်း Top လေးနဲ့ ပေါင်ရင်းနားလောက်ဘောင်းဘီပွပွလေးပဲဝတ်ထားတဲ့ မေ့ပေါင်ပေါ်ကို စောင်လေးလွှားတင်ပေးလိုက်သည်။

မေက စောင်ကိုသေချာယူခြုံရင်း ရှိတ်ကိုမော့ကြည့်ပြီး ကျေးဇူးဆိုတဲ့သဘောမျိုးနဲ့ တောက်တောက်ပပပြုံးပြလာသည်။

အဖြောင့်ကောင်လေးနဲ့လူပျိုညဖြတ်သန်းခြင်းWhere stories live. Discover now